ရှောင်းကျန့်ကြားဖူးတာတစ်ခုရှိသည်။
လူ့ဘဝမှာ ကံကောင်းခြင်းတစ်ခုရလာဖို့ မလွယ်ပေမဲ့ ကံဆိုးမှုပေါင်းသောင်းခြောက်ထောင်ကို ရဖို့ကျတော့ အလွန်လွယ်သည်တဲ့။ထိုစကားသိပ်မှန်သည်။ သူ့တစ်ဘဝလုံးကံကောင်းတယ်ဆိုပြီးမယ်မယ်ရရမရှိခဲ့ပေမဲ့ ကံဆိုးမှုတွေရလာတာတော့ နှစ်သစ်ကူးဗြောက်အိုးလို အတွဲလိုက်။
သူကဘယ်လောက်များကံဆိုးပြီး ဝဋ်ကြွေးကြီးခဲ့လို့ ဝမ်ရိပေါ်လိုကောင်နဲ့ မေတ္တာမျှခဲ့မိသည်မသိ။သေလုမျောပါးဖြစ်ခဲ့တဲ့လူကို ဆေးကုပေးပြီးအသက်ရှင်အောင်ကူညီခဲ့ရတဲ့အပြင် အိမ်ပေါ်မှာပါခေါ်ထားခဲ့ရသည်။ ဒါကိုထိုလူကအားမရလို့ သူ့ခန္တာကိုယ်ကိုပါအပိုင်သွားကာ...ကျေးဇူးကန်းတဲ့သူက သူ့အသက်ကိုပါသေစေလိုသည်အထိ။
"ဟင့်!!.."
ပြန်တွေးရင်းဝမ်းနည်းအားငယ်လာတာကြောင့် ရှောင်းကျန့်ပါးပြင်ပေါ်မျက်ရည်တွေပြုတ်ကျကုန်သည်။ သူကတော့ဖြူဖြူစင်စင်မေတ္တာတွေပေးခဲ့ပေမဲ့ ရိပေါ်ဆိီကသူပြန်ရခဲ့တာ ဥပေက္ခာတရားသပ်သပ်ပင်။
"ဘာလို့ငိုနေရတာလဲကွာ....လူကလဲမပေါ့မပါးကြီးနဲ့ကို..."
ခြံစည်းရိုးတိုင်ကိုမှိီပြီးငိုကြွေးနေတဲ့သူ့ကို မုဆိုးကြီကလာခေါ်သည်။ ဟုတ်သည်။
အခုဆိုသူ့မှာ ရိပေါ်ရဲ့ရင်သွေးကိုလွယ်ထားရပြီ။
သူ့အပေါ်ယုတ်မာတဲ့လူရဲ့သွေး။
သူ့ကိုသေစေချင်ခဲ့တဲ့သူရဲ့သွေးကို သူကလွယ်ထားရတာ ၇ပတ်ကျော်ပြီ။"ကိုယ်ဝန်ဆောင်နေတဲ့အချိန်ငိုရင် ကလေးက ရုပ်ဆိုးကလေးထွက်လာတတ်တယ်တဲ့..မငိုရဘူး."
"ကျွန်တော်ဒီကလေးကို မမွေးဘူးဘကြီး.!!."
"ဘယ့်နှယ်!"
သူပါးပြင်ပေါ်ကမျက်ရည်တွေကိုအကြမ်းပတမ်းကောက်သုတ်ရင်းဆိုတော့ မုဆိုးကြီးကဘုရားတ၏။