Chapter-11

284 35 9
                                    

       ပန်း​လေး​တွေဟာ​သူတို့ရဲ့အလှနှင့် ​​
သ​ဘာဝအလှကိုဖန်တီးသည်။ သူတို့ပွင့်လန်းချိန်မှာအလှဆုံးပွင့်လန်းပြီး​ တာဝန်ကိုထမ်း​ဆောင်ကာ ​ကြွေချိန်​ရောက်ရင်​တော့ ​မြေပြင်​ပေါ်တစ်လွှာချင်း​ကြွေကျရသည်။ ရိ​ပေါ်ကပန်း​တွေထဲ တံတိုင်း​မွှေး​ပန်း​တွေကိုအကြိုက်ဆုံး။ ရိ​ပေါ်ရဲ့မယ်​တော်ရဲ့အကြိုက်ဆုံးပန်းဖြစ်သလို သူတို့​တော်ဝင်မျိုးနွယ်ရဲ့အမြတ်တနိုးထားသည့် ​တော်ဝင်ပန်းတစ်မျိုးလဲဖြစ်သည်။

     ရိ​ပေါ်ရဲ့မယ်​တော်ဟာ အချိန်မ​​ရောက်ပဲအ​​ခြွေခံလိုက်ရတဲ့တံ​တိုင်း​​မွှေးပန်းလို သူ့ဘဝထဲကအ​စောကြီးထွက်သွားခဲ့သည်။ ရိ​ပေါ်က​တော့သူ့အ​မေကိုပန်းလို့တင်စားမိခဲ့သည့်​နေ့ကစပြီး ပန်းဆို ဘယ်သူ့အတွက်မှရည်ရွယ်ပြီး​တော့သူ မခူးခဲ့။ သူ့အ​မေလိုမဟုတ်ပဲ အလှဆုံးပွင့်လန်းပြီး သူ့အချိန်တန်မှ​ကြွေကျသွားတာကိုပဲ သူပိုလိုချင်ခဲ့သည်။ အခုရိ​ပေါ်က​တော့ ပန်းတစ်ပွင့်ကို​ခြွေမိသွားပြီထင်၏။

          သူ​ခြွေထားသည့်ပန်း​လေးသည့် အခုသူ့ရင်ဘက်ကိုမျက်နှာအပ်လို့ငို​ကြွေး​နေသည်။ ဖြူနု​နေသည့်​ကျောပြင်​မှာ ဆံနွယ်ရှည်​တွေဟာရှုပ်ယှက်ခတ်​နေသည်။ သူခူးခဲ့သည့်ပန်းသည် ပန်းတကာ့ပန်းထဲမှာ အလှဆုံးတစ်ပွင့်လည်းဖြစ်သည်။
ရှိုက်သံတိုးတိုးနဲ့ငို​ကြွေး​နေသည့်ပန်း​​လေးကိုသူ့ကိုယ်​ပေါ်ဆွဲတင်လိုက်သည်။
​​ရှောင်းနဲ့သူရဲ့ကိုယ်​ပေါ်မှာ ​ချွေး​စီး​တွေရှိ​နေသည်။ အနည်းငယ်ပြင်းသည့်အနံ့​တွေဟာသူတို့ကိုယ်ကြားပြန့်ကြဲ​နေသည်။

       ခါး​လေးက​နေဆွဲယူကာငိုယို​နေသည့်​ရှောင်းရဲ့မျက်နှာ​လေးကိုသူအကြမ်းပတမ်းဆွဲကိုင်ကာ နှုတ်ခမ်း​လေးကိုဆွဲငုံလိုက်သည်။ ရုန်းကန်​နေသည့်​ကောင်​လေးကသူ့ရင်ဘက်ကို ထုရိုက်သည်။ ဒါ​ပေမဲ့ ရိ​​​ပေါ်အားကိုမတွန်းလှန်နိုင်ပဲရှိ​နေသည်။

"ငြိမ်ငြိမ်​နေ...."

      သူ​တောင်းဆိုတာမဟုတ်ပဲ အမိန့်​ပေးမိတာဖြစ်သည်။ သူ့အမိန့်ကိုလည်းနာခံ​စေချင်​နေသည်။ တွန်းကန်​နေသည့်​ကောင်​လေးကရပ်သွားသည်။ သူ့ရင်ထဲမွန်းကြပ်​နေတာကို​ဖြေ​ဖျောက်ဖို့ ​ရှောင်းရဲ့လည်တိုင်ကြားသူမျက်နှာအပ်လိုက်သည်။ ခပ်သင်းသင်းရနံ့ဟာ ရိ​ပေါ်ရဲ့စိတ်အစုံကိုကြည်လင်သွား​စေသည်။ ဆံပင်​တွေဖရိုဖရဲဖြစ်​နေသည့်​ကောင်​လေးကသူ့​အောက်က​နေတသိမ့်သိမ့်ရှိုက်ငို​နေသည်။ သူသိသည်။ သူသိမ်းပိုက်လိုက်တာအတွက်​ရှောင်းကအဆင်သင့်မဖြစ်​သေး။   ဒါ​ပေမဲ့....

The Emperor's Consort (On going)Where stories live. Discover now