"မိဖုရားကိုဂါဝရပြုပါတယ် ကျွန်တော်မျိုးကအရှင့်ရဲ့အတိုင်ပင်ခံအမတ်ကြီးပါ..."
သူ့ရဲ့ဂါဝရပြုစကားကိုမိဖုရားက အရှင့်ရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြလို့တုံ့ပြန်သည်။ ရေပြင်ညီမျဥ်းလိုဘာအရိပ်အယောင်မှမပါပဲတစ်ဖြောင့်တည်းဖြစ်နေသည့်မျက်ဝန်းညိုတွေက သူ့ကိုအနည်းငယ်အကဲခတ်ပြီးတာနဲ့ အရှင့်ဆီပြန်ရွေ့သွားသည်။
"ခေါင်းကောမူးနေသေးလားဟင်.."
မိဖုရားရဲ့မျက်နှာပေါ်ကျနေသည့်ဆံနွယ်ရှည်တွေကို တယုတယသပ်တင်ပြီးမေးတဲ့အရှင့်ကို မိဖုရားဟာ အနည်းငယ်ပြုံးပြီး
"မမူးပါဘူးအရှင်..ကျွန်တော်အားလုံးအဆင်ပြေပါတယ်.."
မျက်နှာဘေးကျနေသည့်ဆံပင်ကပ်ိုကရိုနဲ့ပြုံးပြလိုက်တဲ့နှုတ်ခမ်းလွှာတွေက
"ဟင်!!"
သူမိဖုရားကိုတစ်နေရာရာမှာမြင်ဖူးခဲ့သည်ထင်၏။ ထိုဆံပင်။ ထိုအပြုံး။
အာရုံထဲတဖျက်ဖျက်ပြန်တွေးပြီး ဘယ်နေရာမှာမြင်ဖူးခဲ့လဲစဥ်းစားပေမဲ့ အဖြေမပေါ်လာ။ ဒါပေမဲ့ အတော်ကြီးကိုရင်းနှီးနေသလို မိဖုရားရဲ့ပုံစံကသူတစ်နေရာရာမှာတွေ့ဖူးတာတော့သေချာသည်။"ဟို ...."
သူစကားစလိုက်တော့ အရှင်နှစ်ပါးရဲ့အကြည့်တွေကသူ့ဆီရောက်လာသည်။
"မိဖုရားနဲ့ကျွန်တော်မျိုး တစ်နေရာရာမှာများတွေ့ဖူးကြလား.."
အရှင်ကဘာမှမပြောပဲရင်ခွင်ထဲရောက်နေသည့်သူ့မိဖုရားကိုသာငုံ့ကြည်သည်။ အစကတည်းကတည်ငြိမ်နေသည့် မိဖုရားရဲ့မျက်ဆံညိုတွေဟာ သူ့အပေါ်နောက်တစ်ခေါက်ပြန်ကစားလာပြီး
"ကျွန်တော်ကတော့ ပထမဆုံးတွေ့ဖူးတာပါ
အမတ်ကြီး...""အာ...ဟုတ်ကျွန်တော်မျိုးလူမှားတာနေမှာပါ မိဖုရားစိတ်မရှိပါနဲ့.."
မိဖုရားက ငြင်သာနဲ့အပြုံးတစ်ပွင့်နဲ့သာတုံ့ပြန်လာသည်။
"ဒါဆို အရှင်တို့အနားယူကြပါ ကျွန်တော်မျိုးကိုခွင့်ပြုပါဦး..."