Unicode
" ရောက်ပါပြီ သခင်လေး "
" အင်း "
အနက်ရောင်အဆင်းရှိတဲ့ ကားတံခါးကို ဖွင့်ပေးလိုက်တဲ့ နောက်မှာတော့ ပြင်းထန်တဲ့ အရှိန်အဝါနဲ့အတူ ထွက်ပေါ်လာသည့် စောသင်္ခနွယ် ။ အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်ရောက်ရှိလာသည့် စောရဲ့ မျက်နှာဟာ တည်ကြည်နေသည်။ စူးရှလှသည့် အကြည့်များကြောင့် မည်သူမျှ မော်မကြည့်ရဲကြ။
ဈာပနအခမ်းအနားထဲကို စော ရောက်လာသည်နှင့်တစ်ပြိုင်နက် ပြန့်ကျဲနေတဲ့ လူစုလူဝေးတွေဟာ ရှဲခနဲ ဖယ်ပေးကြသည်။ သူဟာ အဲ့သည်လောက်ထိ ဩဇာညောင်းသည့် သခင်လေးတစ်ဦး။ M group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပေါ့။
စောရဲ့ ရှေ့က ဘိုးဘိုးရဲ့ ဓာတ်ပုံကို ဂါရဝပြုလိုက်သည်။ စိတ်ထဲတွင် ဝမ်းနည်းခြင်းဆိုသည်ထက် လစ်ဟာခြင်းသာရှိနေသည်။
စောသင်္ခနွယ် ဆိုတဲ့သူဟာ ခံစားချက်တွေကို ကောင်းစွာမခံစားတတ်ပါ။ ဝမ်းနည်းလို့ ငိုရကောင်းမှန်းတောင် မသိသည့် သူတစ်ဦး။ အပြုံးအရယ်နည်းပြီး ကျောက်ရုပ်လိုလူသားလို့ နာမည်ကြီးသည်။။ ဒါကိုလည်း ဘိုးဘိုးပဲ ဖန်တီးခဲ့သည် မဟုတ်လား။ ခနဲ့ပြုံးတစ်ချက်ပြုံးရင်း လှည့်ထွက်ဖို့ပြင်လိုက်သည်။" သခင်လေး ဒါက ဥက္ကဌကြီးရဲ့ သေတမ်းစာပါ "
မိသားစုရှေ့နေဖြစ်သူမှ ပေးလာသည့် သေတမ်းစာကို လှမ်းယူလိုက်သည်။
စာထဲမှာ ရေးထားတာကတော့' စော အိမ်ထောင်ပြုမှသာ အမွေတွေအားလုံးကို ပေးမည်ဖြစ်ပြီး စောနဲ့ လက်ထပ်ရမဲ့သူဟာ ဘိုးဘိုးစီစဉ်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်ဆိုတာပါပဲ '
သင်္ခ ကျစ်တစ်ချက် စုပ်သပ်လိုက်ကာ စာရွက်ကို ရှေ့နေလက်ထဲ ပြန်ထိုးထည့်ပေးလိုက်သည်။
" လေယာဉ် စီစဉ်လိုက် မြန်မာနိုင်ငံကို အခုပြန်မယ် "
ထိုသို့ တစ်ခွန်းတည်းပြောပြီးသည့်နောက် ဈာပနပွဲကို ကျောခိုင်းကာ ထွက်လာခဲ့သည်။
ဘိုးဘိုးက နောက်ဆုံးအချိန်ထိ စောကို ချုပ်ကိုင်နေတုန်းပဲ။Coming soon 🔜
နေကြာတို့ ပြီးဆုံးရင် နောက်ထပ်လာမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ married life ဘက်ကို သွားထားပါတယ်။ စိတ်ဝင်စားရင် စောင့်မျှော်ဖတ်ရှု ပေးကြပါဦးလို့ 💕
Zawgyi
" ေရာက္ပါၿပီ သခင္ေလး "
" အင္း "
အနက္ေရာင္အဆင္း႐ွိတဲ့ ကားတံခါးကို ဖြင့္ေပးလိုက္တဲ့ ေနာက္မွာေတာ့ ျပင္းထန္တဲ့ အ႐ွိန္အဝါနဲ႔အတူ ထြက္ေပၚလာသည့္ ေစာသခၤႏြယ္ ။ အေနာက္တိုင္းဝတ္စုံအျပည့္ျဖင့္ေရာက္႐ွိလာသည့္ ေစာရဲ႕ မ်က္ႏွာဟာ တည္ၾကည္ေနသည္။ စူး႐ွလွသည့္ အၾကည့္မ်ားေၾကာင့္ မည္သူမွ် ေမာ္မၾကည့္ရဲၾက။
ဈာပနအခမ္းအနားထဲကို ေစာ ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ျပန္႔က်ဲေနတဲ့ လူစုလူေဝးေတြဟာ ႐ွဲခနဲ ဖယ္ေပးၾကသည္။ သူဟာ အဲ့သည္ေလာက္ထိ ဩဇာေညာင္းသည့္ သခင္ေလးတစ္ဦး။ M group ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူေပါ့။
ေစာရဲ႕ ေ႐ွ႕က ဘိုးဘိုးရဲ႕ ဓာတ္ပုံကို ဂါရဝျပဳလိုက္သည္။ စိတ္ထဲတြင္ ဝမ္းနည္းျခင္းဆိုသည္ထက္ လစ္ဟာျခင္းသာ႐ွိေနသည္။
ေစာသခၤႏြယ္ ဆိုတဲ့သူဟာ ခံစားခ်က္ေတြကို ေကာင္းစြာမခံစားတတ္ပါ။ ဝမ္းနည္းလို႔ ငိုရေကာင္းမွန္းေတာင္ မသိသည့္ သူတစ္ဦး။ အျပဳံးအရယ္နည္းၿပီး ေက်ာက္႐ုပ္လိုလူသားလို႔ နာမည္ႀကီးသည္။။ ဒါကိုလည္း ဘိုးဘိုးပဲ ဖန္တီးခဲ့သည္ မဟုတ္လား။ ခနဲ႔ျပဳံးတစ္ခ်က္ျပဳံးရင္း လွည့္ထြက္ဖို႔ျပင္လိုက္သည္။" သခင္ေလး ဒါက ဥကၠဌႀကီးရဲ႕ ေသတမ္းစာပါ "
မိသားစုေ႐ွ႕ေနျဖစ္သူမွ ေပးလာသည့္ ေသတမ္းစာကို လွမ္းယူလိုက္သည္။
စာထဲမွာ ေရးထားတာကေတာ့' ေစာ အိမ္ေထာင္ျပဳမွသာ အေမြေတြအားလုံးကို ေပးမည္ျဖစ္ၿပီး ေစာနဲ႔ လက္ထပ္ရမဲ့သူဟာ ဘိုးဘိုးစီစဥ္ထားသည့္ မိန္းကေလးတစ္ဦး ျဖစ္သည္ဆိုတာပါပဲ '
သခၤ က်စ္တစ္ခ်က္ စုပ္သပ္လိုက္ကာ စာ႐ြက္ကို ေ႐ွ႕ေနလက္ထဲ ျပန္ထိုးထည့္ေပးလိုက္သည္။
" ေလယာဥ္ စီစဥ္လိုက္ ျမန္မာႏိုင္ငံကို အခုျပန္မယ္ "
ထိုသို႔ တစ္ခြန္းတည္းေျပာၿပီးသည့္ေနာက္ ဈာပနပြဲကို ေက်ာခိုင္းကာ ထြက္လာခဲ့သည္။ ဘိုးဘိုးက ေနာက္ဆုံးအခ်ိန္ထိ ေစာကို ခ်ဳပ္ကိုင္ေနတုန္းပဲ။
Coming soon 🔜
ေနၾကာတို႔ ၿပီးဆုံးရင္ ေနာက္ထပ္လာမဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပါ။ married life ဘက္ကို သြားထားပါတယ္။ စိတ္ဝင္စားရင္ ေစာင့္ေမွ်ာ္ဖတ္႐ႈ ေပးၾကပါဦးလို႔ 💕
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....