Unicode
တရွေ့ရွေ့သွားနေသော ကားလေးထဲတွင် ငြိမ်သက်စွာဖြင့် အတွေးများနေသော အမျိုးသမီးတစ်ဦးရှိလေသည်။ ထိုအမျိုးသမီးကတော့ တခြားသူမဟုတ်။ နှောင်းရိပ်ငြိမ်ပါပင်။
' ပါပါးတို့ အတင်းမတိုက်တွန်းပါဘူး။ ဒါပေမဲ့ သခင်လေး စော နဲ့ သွားတွေ့စေချင်တယ်။ နှစ်ဦးနှစ်ဖက် ပြောဆိုပြီးလို့မှ အဆင်မပြေရင် ဒီမင်္ဂလာပွဲကို မလုပ်လည်း ဖြစ်တယ် '
လက်ထဲမှ ပါပါးရေးပေးလိုက်တဲ့ မှတ်စုစာရွက် အတိုလေးကိုကြည့်ရင်း သက်ပြင်းချမိသည်။
" စောသင်္ခနွယ်.... "
တီးတိုးရေရွတ်လိုက်မိတဲ့ နာမည်ဟာ သူတစ်ခါလေးမှတောင် မမြင်ဖူးဘဲ လက်ထပ်ဖို့ဖြစ်နေတဲ့သူ။ တကယ်ပဲ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ နှောင်း စိတ်တွေလေးလံလာမိသည်။
" အိမ်ရောက်ပြီ မမ "
တစ်ထပ်တိုက်ကလေး တစ်လုံးရှေ့မှာ ရပ်လိုက်ပြီးနောက် ပြောလာသည့် နိုးနိုးစကားကြောင့် နှောင်း စိတ်ကို ပြန်ထိန်းလိုက်ကာ ကားထဲမှ ဆင်းလိုက်သည်။
" ကားကို ဖြည်းဖြည်းမောင်းနော် ၊ ဂရုစိုက်ပြီး ပြန်ဦး "
" ဟုတ်ကဲ့ မမ "
နိုးနိုးကို နှုတ်ဆက်ပြီးနောက် အိတ်ထဲမှ သော့ကို ထုတ်ကာ ခြံတံခါးကိုဖွင့်လိုက်သည်။ ခပ်မြင့်မြင့် တစ်ထပ်တိုက်လေးဟာ နှောင်း စိတ်တိုင်းကျ ဆောက်ထားသည်ဆိုရင်လည်း မမှား။ ခပ်ကျယ်ကျယ်ခြံလေးထဲမှာ ပန်းလေးတွေ ဟိုတစ်စဒီတစ်စစိုက်ထားပြီး ဒန်းလေးတစ်ခုနှင့် သစ်သားစားပွဲလေး ၊ ခုံလေးနှစ်လုံးရှိသည်။ နောက်ပြီး မလှမ်းမကားမှာ ရပ်ထားသည့် အဖြူရောင် ကားလေး။
မှောင်ရီပျိုးစဖြစ်လို့ အနောက်နေရောင် ဖြာကျနေပုံဟာ ကျေနပ်စရာကောင်းသည်။ ခြံတံခါးကို ပြန်ပိတ်ကာ အိမ်သော့ကို ဖွင့်ရင်း အိမ်ထဲသို့ ဝင်လိုက်သည်။ မီးခလုတ်ကို ဖွင့်လိုက်တော့ လင်းချင်းလာသည့် ဧည့်ခန်း။
ပခုံးတွင် လွယ်ထားသည့် အိတ်ကို ပစ်ချကာ ဆိုဖာပေါ်ကို ခြေပစ်လက်ပစ် လှဲလိုက်တော့သည်။" မနက်ဖြန်...ည ၇နာရီ..တဲ့လား။ တွေ့ဖို့ချိန်းတဲ့အချိန်က ဘာလို့ ညဘက်လဲ "
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....