Unicode
မောဟိုက်နေတဲ့ အသက်ရှုသံတစ်ခုဟာ မီးမှောင်မှောင် အခန်းကျယ်အတွင်းတွင် ဝေ့လျက်နေသည်။
' ဒီနေ့ကစပြီး မင်းက စောသင်္ခနွယ်ပဲ ၊ မေဘယ်လ်ငြိမ်း ဆိုတာ မရှိတော့ဘူး '
လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောနေတဲ့ လူကြီးရဲ့ အမိန့်အာဏာအောက်မှာ ခေါင်းငုံ့နေရတဲ့ ကလေးငယ်တစ်ယောက်။ မျက်ရည်များစီးကျနေတဲ့ ထိုကလေးငယ်ကို မည်သူကမျှ နှစ်သိမ့်ပေးချင်သည့်ဟန်မပေါ်။
' မငိုနဲ့ ၊ ယောက်ျားတစ်ယောက်ဆိုတာ သန်မာရတယ် မျက်ရည်မကျရဘူး '
ထိုစကားရဲ့ အဆုံးမှာတော့ ပို၍မြန်ဆန်ပြင်းပြလာတဲ့ အသက်ရှုသံ၊ တွန့်ချိုးနေတဲ့ မျက်ခုံးတွေ။
' ဒီလိုမျိုးတွေ ဝတ်လာပြန်ပြီလား! '
ခန္ဓာကိုယ်ပေါ်မှ ဂါဝန်လှလှလေးအား ဆွဲဖြဲခံလိုက်ရပြီးတဲ့နောက် ကျောပြင်ပေါ်သို့ ကျရောက်လာတဲ့ ခါးပတ်။ နာကျင်စွာရုန်းမိသော်လည်း ပိုလို့ရိုက်လာတာကြောင့် အော်ငိုရုံသာ တတ်နိုင်သည့် ကလေးငယ်။
" မလုပ်ပါနဲ့ .. နာတယ် ၊ နာတယ် အားး!! "
ကြောက်လန့်တကြားနိုးထလာရပြီး ခန္ဓာကိုယ်အနှံ့ ချွေးစေးများစွာဖြင့် ပြည့်နှက်နေသည်။ ဘေးနားမှ ရေကိုယူကာ သောက်ရင်း အသက်ရှုသံ မှန်အောင် အရင်လုပ်ရသည်။
" စိတ်ပျက်ဖို့ကောင်းလိုက်တာ "
ဒူးနှစ်ဖက်ကိုထောင်ကာ ခေါင်းကိုငိုက်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။ စိတ်တွေမွန်းကြပ်ပြီး အော်ဟစ်ငိုလိုက်ချင်ပေမဲ့ မလုပ်နိုင်။ သက်ပြင်းကိုတာ ခပ်ဖြည်းဖြည်းချရင်း
အိပ်ယာမှ ထရတော့သည်။မျက်နှာသစ်ပြီးတာနဲ့ မနက်စာစားရန် dinning room ထဲသို့ ဆင်းလာလိုက်သည်။
" Good morning sir "
ခေါင်းကိုငုံ့ကာ နှုတ်ဆက်ကြသည့် အိမ်မှ maid များကို လျစ်လျူရှုကာ စားပွဲတွင်ဝင်ထိုင်လိုက်သည်။ အသင့်ပြင်ထားသည့် မနက်စာကို စိတ်မပါလက်မပါဖြင့် စားလိုက်သည်။
" အဝတ်လဲဖို့ အသင့်ပြင်ထားပေးပါ "
Maid တစ်ယောက်ကို ပြောလိုက်ပြီးနောက် စားပွဲမှထကာ bathroom ထဲသို့ဝင်လိုက်သည်။ ရေပန်းကိုဖွင့်လိုက်တာနှင့် ကျလာသည့် ရေစက်အေးအေးများက စိတ်ကို လန်းဆန်းစေဖို့ လုံလောက်သည်ဆိုသော်ငြား အထွေအထူးတော့ မဟုတ်တော့။ အမြဲတမ်း လုပ်နေကျ အလုပ်ဖြစ်သလို စောရဲ့ ဘဝဟာလည်း နေသားတကျ။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....