Unicode
* ဒေါက် ဒေါက် ဒေါက် *
တံခါးခေါက်သံကြားတော့ နိုးနိုး အပြေးလေးသွားဖွင့်လိုက်သည်။ တံခါးဖွင့်တော့ မြင်လိုက်ရသည်က စောသင်္ခနွယ်မဟုတ်။ အဲလစ်ဆိုလား အဲလက်ဆိုလား အဲ့လူ။ ဘာစကားမှ မပြောဘဲ နိုးနိုးကို ကြောင်စီစီကြည့်နေတဲ့ အဲ့လူရဲ့ အကြည့်တွေက နိုးနိုးရဲ့ ပေါ်လွင်နေတဲ့ ပခုံးသားပေါ်မှာ။
" ရှင် ဘာကြည့်တာလဲ! "
" နိုးနိုး ဘာဖြစ်လို့လဲ "
နိုးနိုးရဲ့ အသံက ကျယ်သွားသည် ထင်ပါရဲ့။ မမက အနားကို လျှောက်လာရင်း မေးတော့တယ်။
" ဒီလူ နိုးနိုးရဲ့ ပခုံးကို ပြူးကြည့်နေတာ "
လက်ညှိုးထိုးပြီး ပြောတော့ မမက နိုးနိုးကို ကျော်ကာ ကြည့်နေသည်။
" အဲလစ်? ဘာကိစ္စရှိလို့လဲ "
မမ မေးလိုက်တော့မှ အဲလစ်ဆိုတဲ့သူက သတိပြန်ဝင်လာသလိုလိုဖြင့်
" နေ့လယ်စာစားဖို့ လာခေါ်တာပါ မမလေး "
နိုးနိုးကို အရေးမလုပ်ဘဲ မမကိုသာ ပြန်ဖြေနေသည့် အရှေ့ကလူရဲ့ မျက်နှာအား ဆွဲဖြဲလိုက်ချင်သည်။ ပိုင်စိုးပိုင်နင်းနဲ့ သူများ ပခုံးကိုလည်း ကြည့်သေး မတောင်းပန်တဲ့အပြင် ဒင်းက လူကို ရှိတယ်လို့တောင် မထင်သည့်ပုံ။
" ဒီမယ် ကိုဆံနီ "
နိုးနိုးရဲ့ ပြောသံကိုလည်း အဖက်ပင်မလုပ် ပြူးတူးကြောင်တောင်ဖြင့် ရပ်နေသည့် ထိုလူအား အတော်လေးကို စိတ်တိုမိသွားသည်။
" ရှင်ကို ခေါ်နေတာလေ မကြားဘူးလား "
ထိုသို့ပြောမှ ကိုယ့်ကိုကိုယ် လက်ညှိုးပြန်ထိုးနေသည့် ပြန်ဖြေလာသည့် အဲ့လူ။
" ကျွန်တော့်ကို ပြောတာလား "
" ဟုတ်တယ် ၊ ရှင့်ကိုခေါ်တာလေ။ ဒီမှာ ဆံပင်က နီကြောင်ကြောင်နဲ့ လူဆိုလို့ ရှင်ပဲရှိတာ "
နိုးနိုးပြောတော့ အဲလစ်ကျ သူ့ဆံပင်သူကိုင်ကြည့်နေသည်။ နီရဲနေတာမဟုတ်သော်ငြား အနည်းငယ်တော့ အနီရောင် ပေါက်သလိုလိုရှိသည်။ အဲ့တာကလည်း ခပ်ဖျော့ဖျော့ရယ်ပါ။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....