- Chapter 20 -

4.3K 288 8
                                    

Unicode

ပုဂံက ပြန်ရောက်သည့်ရက်တွေမှစလို့ စောဟာ အလုပ်ရှုပ်နေတော့သည်။ နှောင်း သိရသလောက်တော့ မြတ်သူနဲ့ ပတ်သက်တဲ့ ဟိုတယ်၂ခုကို ဝယ်ပစ်လိုက်သည်တဲ့။ အဲ့သည်လောက် လွယ်လွယ်ကလေးနဲ့ ဝယ်ပစ်လိုက်သည်အထိ စောက ချမ်းသာသည်ပဲ။ နှောင်းအတွက်တော့ ဒါတွေဟာ တဖြည်းဖြည်းအသားကျလာပါပြီလေ။

အသားမကျတာ တစ်ခုကတော့ စောတစ်ယောက် အခုရက်ပိုင်း အိမ်ပြန်နောက်ကျသည့် ကိစ္စပင်။ ဘယ်လောက်ပင် အလုပ်များသည်ဟု ပြောပြော အိမ်ကို ပုံမှန်ပြန်လာလေ့ရှိတဲ့စောက အခုရက်ပိုင်း မူမမှန်ချင်။ နောက်ကျမှပြန်လာတတ်သလို ‌ပြန်ရောက်တာနဲ့ အခန်းထဲသို့ဝင်ကာ တန်းအိပ်ပစ်လိုက်တာမျိုးတွေရှိသည်။

နှောင်းအနေနဲ့ စောကို သံသယရှိတာမျိုးတော့ မဟုတ် ၊ စိတ်ပူခြင်းသာ။ ညဘက်တွေမှာ မိန်းကလေးတစ်ယောက်တည်း ပြန်လာတာက အန္တရာယ်များတာကြောင့်ပင်။ နောက်ပြီး စောက ပိန်လာသလိုရှိသည်။ မျက်ကွင်းတွေလည်း ညိုနေသယောင်ရှိတာမလို့ ပိုလို့ပင်စိတ်ပူရသည်။ အအိပ်အစားမမှန်ရင် ကျန်းမာရေး ထိခိုက်မည်မဟုတ်ပါလား။ အဲ့သည်လိုတော့ မဖြစ် နှောင်းအနေနဲ့ ဂရုစိုက်ပေးရမည့် ဝတ္တရားရှိသည်။

ဒါကြောင့် ဒီနေ့ နေ့လယ်စာပြင်ဆင်ပေးကာ စောရဲ့ အလုပ်သို့ သွားပို့မည်ဟု တွေးလိုက်သည်။ ခက်သည်က နှောင်းက အရွက်ကြော်ရင်တောင် ငံပြီး ကြက်ဥတောင် ဖင်မဲအောင်ကြော်သည့် လူစားမျိုး။ စော သင်ပေးလို့ အမဲသားစတိတ်ခ် လုပ်တတ်ခဲ့တယ်ဆိုပေမဲ့ တစ်ယောက်တည်း လုပ်ရင်လည်း အလွဲလွဲအချော်ချော်ကဖြစ်ဦးမည်ဆိုတာ အသေချာ။

လွယ်လွယ်ချက်လို့ရပြီး စားကောင်းမဲ့ ကြက်ဥလိပ်ကိုသာ ပြင်ဆင်ဖို့ တွေးလိုက်ရသည်။ ကြက်ဥလိပ်လောက်ကတော့ အဆင်ပြေမှာပါလေ။ အရင်ဆုံးတော့ ဆန်ဆေးကာ ပေါင်းအိုးဖြင့် ထမင်းတည်လိုက်သည်။ နောက်တော့ ခါကြက်ဥ အတုံးသေးသေးလေးတွေနဲ့ ကြက်သွန်မြိတ်တစ်ချို့ကို လှီးရသည်။ ကြက်ဥဖောက်ကာ ခါကြက်ဥ ၊ ကြက်သွန်မြိတ် ၊ ဆား အနည်းငယ် ထည့်ရင်း ရောသမမွှေလိုက်သည်။

I Got Married With A Girl!!Where stories live. Discover now