Unicode
မြတ်သူဆိုတဲ့ သကောင့်သားနဲ့ တွေ့တာ ၂ကြိမ်မြောက်။ အဲ့ဒီသကောင့်သားကို တွေ့တိုင်း တုန်လှုပ်သွားတဲ့ ၊ ကြောက်ရွံ့သွားတဲ့ နှောင်းရဲ့ ပုံစံဟာ စောရဲ့ ရင်ဘတ်ကို တဆစ်ဆစ်ကိုက်ခဲစေသည်။ ပင်ပန်းပြီး အိပ်ပျော်နေတဲ့ နှောင်းဟာ နိုးနိုးဆိုတဲ့ ကလေးမရဲ့ ပခုံးထက်မှာ။ စောကို ဖက်ကာ ရှိုက်ငိုသည့် နှောင်းကို စော ဘယ်လို ချော့ပေးရမယ်ဆိုတာ သေချာမသိတာမလို့ ကျောပြင်လေးကိုသာ ပုတ်ပေးခဲ့မိသည်။
အိမ်ရှေ့ကို ရောက်ပြီဖြစ်ပေမဲ့ နှောင်းကမနိုးသေးတာမလို့ စဉ်းစားရခက်မိသည်။ မောင်းလာသည်က နိုးနိုးရဲ့ ကားဖြစ်တာမလို့ နိုးလာတဲ့အထိ ထိုင်နေလို့လည်း မဖြစ်သေး။
" ဒီမှာ ရှင် မမကို ချီသွားပါ့လား "
အနောက်သို့ လှည့်ကြည့်လိုက် စဉ်းစားလိုက်ဖြင့် စော ခဏတာ တိတ်သွားရသည်။ စပိန်မှာတုန်းကတောင် ပွေ့ချီခဲ့သေးတာပဲလေ။ ဘာမှမဖြစ်ပါဘူး။ စောသင်္ခနွယ်က ဒီလောက်တော့ လုပ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောရင်း ကားပေါ်က ဆင်းရသည်။
နောက်တံခါးကို ဖွင့်ပြီး နိုးနိုး ပခုံးထက်က နှောင်းကို အသာအယာပွေ့ချီလိုက်သည်။
အီ ခနဲ တစ်ချက်အသံပြုလိုက်သည့် နှောင်းဟာ နိုးတော့နိုးမသွားပါပေ။ နိုးနိုးက တံခါးတွေ လိုက်ဖွင့်ပေးပြီးနောက်တော့ စောကို ပြုံးစိစိကြည့်ကာဖြင့် ပြန်သွားတော့သည်။စောကတော့ နှောင်းအား ချီရင်းပင် နှောင်းရဲ့ အခန်းထဲသို့ ဝင်လိုက်သည်။ မွေ့ယာပေါ်ကို အသာအယာချပြီးသည့်နောက်တော့ စော ပြန်ထဖို့လုပ်လိုက်သည်။ စောရဲ့ လက်က နှောင်းရဲ့ ဦးခေါင်းအောက်ရောက်နေသည်ကိုး။ သို့သော် ပြန်ဖို့လုပ်ချိန်မှာတော့ နှောင်းရဲ့ မျက်ဝန်းတွေဟာ အနည်းငယ်ပွင့်လာသည်။ မျက်ဝန်း ညိုညိုများရဲ့ ရီဝေဝေအကြည့်တွေကြောင့် စော အနေရခက်လာသည်။
" စော "
နှောင်းရဲ့ ဆွဲငင်ငင် ခေါ်သံဟာ စောရဲ့ နှလုံးသားကို တင်းကြပ်လာစေသည်။ နွေးလွန်းသလို တစ်ခါတစ်လေကျတော့လည်း အေးလွန်းနေပြန်သည်။ ဒီခံစားချက်ကြောင့် စော စိတ်တွေ အားမလိုအားမရဖြစ်လာရသည်။
![](https://img.wattpad.com/cover/368627629-288-k189057.jpg)
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....