Unicode
စပိန်နိုင်ငံ Madrid မြို့ M group ၏ အစည်းအဝေး ခန်းမထဲတွင် ရှယ်ယာရှင်များ အရေးပေါ်စုဝေးနေကြသည်။ အကြောင်းကား သူတို့ရဲ့ သခင်လေးတစ်ဖြစ်လဲ ဒုဥက္ကဌဖြစ်သူ စောသင်္ခနွယ်မှ အရေးပေါ် အစည်းအဝေးပြုလုပ်ကြောင်း ကြေညာလိုက်သည်မလို့ပင် ဖြစ်သည်။ အစည်းအဝေးဟာ နေ့ခင်းပိုင်းမှ စမည်ဖြစ်သော်လည်း မနက်အစောပိုင်းကတည်းက ရှယ်ယာရှင်များ စုဝေးနေကြပြီး လက်ရှိ ဥက္ကဌဖြစ်သူ သခင်လေးစောရဲ့ ဒယ်ဒီ ခေါ်ယူထားခြင်းကြောင့်ပင်ဖြစ်သည်။
သူ့ရဲ့ ရာထူးကို ကာကွယ်ဖို့အတွက် ရှိသမျှ အာဏာကို ထုတ်သုံးမည့် ဥက္ကဌနှင့် ဘာအစီအစဥ်ရှိလို့ ရုတ်တရက် အစည်းအဝေးထလုပ်လိုက်ရတာလဲဆိုတာကို မသိရသည့် ဒုဥက္ကဌ သခင်လေးကြား ဗျာများရသူတွေကတော့ ရှယ်ယာရှင်တွေပင်ဖြစ်သည်။
ဒုဥက္ကဌဖြစ်သူ ဟာ ဖြောင့်မတ်သည်။ တော်သည်။ လုပ်နိုင်စွမ်းသိပ်ကောင်းသည်။ စည်းကမ်းကြီးသည်။ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံပြီးတဲ့နောက်မှာ ပိုပြီးနာမည်ကြီးလာကာ ရှယ်ယာဈေးမငြိမ်သက်မှုကို တစ်ခဏအတွင်း ထိန်းချုပ်နိုင်ခဲ့သည်။ ပြောရရင် ဒုဥက္ကဌဖြစ်သူ စောသင်္ခနွယ်ဟာ စီးပွားရေးလောကမှာ နာမည်ကောင်းရထားသူတစ်ယောက်ပင်။ အရင်ဥက္ကဌကြီးရဲ့ ယုံကြည်မှုကိုပါ ရထားသေးသည်။
ဒုဥက္ကဌဖြစ်သူနှင့် ဆန့်ကျင်စွာပင် ဥက္ကဌဖြစ်သူကတော့ လာဘ်စားသည်။ သူ့ဘက်ပါတဲ့သူကို မျက်နှာသာပေးပြီး မပါတဲ့သူကိုတော့ ဖယ်ကျဉ်တတ်သည်။ စည်းကမ်းဆိုတာ သူ့ပါးစပ်ကထွက်တဲ့စကားပဲဆိုတဲ့ သူမျိုး။ နောက်ပြီး ဒုဥက္ကဌအကြောင်း ဝန်ခံပြီးတဲ့နောက်မှာ နာမည်ပိုပြီး ထိခိုက်သွားသူပင်။ အရင်ဥက္ကဌကြီးရဲ့ ယုံကြည်မှုကို အနည်းငယ်တောင်မျှ မရရှိထားပါလေ။ ရှယ်ယာရှင်တွေ အနေနဲ့ သူတို့ရဲ့ အကျိုးအမြတ်ဖြစ်မည့် အရာကို ကြည့်ရမည်သာပင်။
" ကြည့်ရတာ သခင်လေးစောက ဥက္ကဌရာထူးကို ယူတော့မယ်ထင်တယ် "
" ဒါမှမဟုတ် တစ်ခြားအကြောင်းအရင်းများ ရှိနေမလား "
" ကျုပ်နေရာကို ကာကွယ်မှဖြစ်မယ်။ အဲ့တာကြောင့် ကြိုတင်ပြီး ခင်ဗျားတို့ကို ခေါ်လိုက်ရတာပဲ။ ကျုပ် ခင်ဗျားတို့အတွက် ဘယ်လိုတွေလုပ်ပေးထားတယ်ဆိုတာ မေ့သွားကြတာတော့ မဟုတ်ဘူးမလား "
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....