Unicode
" သခင်လေး ဥက္ကဌကြီး ခေါ်နေပါတယ် "
အိပ်မပျော်၍ ခြံထဲတစ်နေရာမှာ နှောင်းနဲ့ အတူထိုင်နေသည့် စောအား အဲလစ်က ခပ်တိုးတိုးပြောတော့ စောလည်း ခေါင်းကိုသာ ငြိမ့်ပြမိသည်။ သူ့လက်မောင်းထက်တွင် အိပ်ပျော်နေသည့် အမျိုးသမီးကြောင့် စော မသိမသာပြုံးလိုက်မိသည်။ လရောင်ဖြာကျနေသော နှောင်းရဲ့ မျက်နှာကလေးဟာ ပကတိ အေးချမ်းဖွယ်။ နိုးသွားမှာစိုးသဖြင့် အသာအယာပွေ့ချီရင်း စောရဲ့ အခန်းထဲသို့ ဝင်လိုက်သည်။ ကုတင်ပေါ်တွင်ချကာ စောင်တစ်ထည်အား ခြုံပေးလိုက်ပြီးတဲ့နောက် စော ဒယ်ဒီ့ဆီကို ထွက်လာခဲ့သည်။
" ခေါ်တယ်ဆိုလို့ပါ ဒယ်ဒီ ။ ဘာကိစ္စများပါလဲ "
ဒယ်ဒီ ခေါ်သည့် အကြောင်းရင်းကို သိသော်ငြား မသိဟန်ဆောင်ကာ မေးမိလိုက်သည်။ ခက်ထန်စွာရှိနေသော ဒယ်ဒီ့ရဲ့ မျက်နှာကြောင့် စော လက်သီးတို့အား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ပုံမှန်ထက် တင်းရင်းခက်ထန်နေသော ဒယ်ဒီ့အား စော သိပ်ကြောက်ပါသည်။ ထိုမျက်နှာထားသည် စောကို ခါးပတ်ဖြင့် အသေရိုက်နှက်ခဲ့တုန်းကလို မျက်နှာထားဖြစ်သည်။
" ပါတီတုန်းက ဘာအချိုးချိုးတာလဲ "
" စောရဲ့ အမျိုးသမီးဘက်က ရပ်တည်တာပါ "
တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလာသည့် စောကို ဒယ်ဒီက စူးစိုက်ကြည့်သည်။ အလိုမကျမှုများ ပါဝင်သော ထိုအကြည့်များဟာ စောအတွက်တော့ မထူးဆန်းတော့ပါ။ ဒယ်ဒီဟာ စောအပေါ်မှာဆို ဘယ်တုန်းကများ နူးညံ့စွာ ကြည့်ပေးဖူးသည်လဲ။
" တရားစွဲမယ်ဆို "
" ဟုတ်ကဲ့ ၊ သူနဲ့တွဲလုပ်နေတဲ့ လုပ်ငန်းတွေလည်း ရပ်ပစ်မှာပါ "
" အကြောင်းပြချက်က "
" စောရဲ့ အမျိုးသမီးကို ထိပါးစော်ကားလို့ "
ဘရန်ဒီခွက်ကိုင်ထားသော ဒယ်ဒီ့ရဲ့ လက်များဟာ တင်းခနဲဖြစ်သွားသည်။ စော တုန်လှုပ်မိပါသည်။ ထိုခွက်ဟာ စောရဲ့ နဖူးဆီသို့ ထိမှန်လာမှာကို ကြောက်မိပါသည်။
" ရူးလိုက်တာ ၊ နင့်ကိုယ်နင် ဘာများထင်နေလဲ "
ဒယ်ဒီသာ သူ့သဘောမပါဘဲ သူ့ရဲ့ပါတနာတွေကို ထုတ်ပစ်တတ်ရင် သိပ်စိတ်ဆိုးသည်။ စော ဒယ်ဒီရဲ့ ပါတနာတွေကို အလိုမကျ၍ ထုတ်ပစ် ၊ ရှယ်ယာတွေကို ပြန်ဝယ်ပစ်ခဲ့တာမျိုးရှိသည်။ ဘိုးဘိုးရှိစဉ်ကတော့ စော သက်သာခဲ့လှသည်။ ဘာကြောင့်ဆို ဘိုးဘိုးကလည်း ဒယ်ဒီရဲ့ ပါတနာတော်တော်များများကို သဘောမကျတာကြောင့်ပင်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....