- Chapter 28 -

1.6K 180 16
                                    

Unicode

" ဂျနီဖာက ဘယ်လိုလုပ်ရောက်လာတာလဲ အဲလစ် မင်းပဲ ခေါ်လိုက်တာလား "

ကုတင်ဘေးတွင် မျက်နှာငယ်လေးဖြင့် မတ်တပ်ရပ်နေသည့် အဲလစ်က ခေါင်းငြိမ့်ပြသည်။ အဲလစ်ပုံစံက အပြစ်လုပ်ထားသလိုလိုနှင့် သနားစရာကောင်းနေတာကြောင့် ရယ်ချင်သလိုလိုတောင်ဖြစ်မိသွားသည်။

" ဥက္ကဌကြီးကို ထိန်းနိုင်တာဆိုလို့ မမလေး ဂျနီဖာကလွဲပြီး မရှိဘူးမလို့ပါ "

" ဟင်း... ကျေးဇူးတင်ပါတယ် အဲလစ် "

သက်ပြင်းတစ်ချက်ချပြီးနောက် ‌ကျေးဇူးတင်စကားပြောတော့ အဲလစ်က ကြောင်တောင်တောင်ဖြင့် စောကို ကြည့်သည်။

" သခင်လေး.. အဲ.. မမလေး ဘယ်လိုပြောလိုက်တယ် "

" ဂျနီဖာကို ခေါ်ပေးလို့ ကျေးဇူးတင်ပါတယ် ၊ အဲလစ်သာ သူ့ကို ခေါ်‌မပေးရင် ငါတင်မကဘဲ ဟန်နီပါ ထိခိုက်တော့မှာ "

" အာ့ "

အဲလစ်က သူ့ပါးသူပြန်ရိုက်ကာ မျက်မှောင်ကြုံ့နေပြန်သည်။

" နာတာပဲ ၊ အိပ်မက်မဟုတ်ဘူး "

" ငါ ရိုက်ပေးရမလား "

" ရတယ် ရတယ် "

လက်ရွယ်ကပြောတော့ ပြာပြာသလဲ ခေါင်းခါရင်း ပြောသည်။ ကျေးဇူးတင်စကားပြောခံရတာကို သူ့ခမျ အိပ်မက်မက်တယ် ထင်နေသေးတယ်။ စော အရင်က အဲ့လောက်တောင် မာနတစ်ခွဲသားနဲ့ နေခဲ့တာလားပဲ။

" ဘာဆက်လုပ်မယ် စဉ်းစားထားလဲ မမလေး "

" အွန်း... အခုတော့ ဘာမှမစဉ်းစားချင်သေးဘူး။ လန့်တော့ လန့်နေတယ် "

" ဘာဖြစ်လို့လဲ မမလေး "

" ‌ဟန်နီက ဆန်ပြုတ်တွေ သွားပြုတ်နေပြီ "

တံတွေးမြိုချကာ မျက်နှာကြီးမဲ့ရင်း ပြောနေသည့် စောကြောင့် အဲလစ် မထိန်းနိုင်စွာဘဲ အော်ရယ်မိသည်။

" မရယ်နဲ့ ၊ မင်းလည်း ဟန်နီ့ရဲ့ လက်ရာကို သိရဲ့သားနဲ့ "

ဟုတ်သည်။ အဲလစ်လည်း နှောင်းရဲ့ လက်ရာကို တစ်ခါစားဖူးပါသည်။ ရိုးရှင်းတဲ့ ထမင်းကြော်နဲ့ omelette ဆိုပေမယ့် အဲ့နေ့က စားပြီးတဲ့နောက် သွေးတိုးသွားလို့ ဆေးခန်းတောင် သွားလိုက်ရသေး၏။ အဲလစ်တွေးမိသည်က တစ်ခုတည်းရှိပါသည်။ မမလေး နှောင်းက ဟင်းချက်ရင် မြည်းရော မြည်းကြည့်ရဲ့လားဆိုတာပင်။ အဲ့နေ့ပြီးကတည်းက မမလေးနှောင်း ချက်ကျွေးမယ်ဆိုရင်ကို အလုပ်အကြောင်းပြပြီး ပတ်ပြေးနေတာ အခုထိပါပင်။

I Got Married With A Girl!!Where stories live. Discover now