Unicode
မနက်မိုးသောက်အလင်းမရောက်ခင်မှာတင် နှောင်းတို့ နိုးလာပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကာ ဘုရားသွားကြသည်။ E-bike လေးတွေ ငှားချင်သော်ငြား စောနဲ့ အဲလစ်က မစီးတတ်တာမလို့ ကားဖြင့်သာ ခရီးဆက်ကြရသည်။
ပထမဆုံးအနေနဲ့ ရွှေစည်းခုံဘုရားသို့ သွားကြသည်။ မနက်အစောပိုင်းဖြစ်တာတောင် လူအများအပြားရှိနေသည့် ရွှေစည်းခုံ ဘုရားဟာ ပုဂံဘုရားများအနက် တန်ခိုး အကြီးဆုံးဘုရားဟုဆိုကြသည်။ နှောင်းတို့အတူ ဘုရားရှိခိုးပြီးကာမှ ရင်ပြင်ပေါ်သို့ လှည့်ပတ်ကြည့်ရှုကြသည်။
" ဒီဘုရားက ပုဂံမှာ တန်ခိုးအကြီးဆုံးဘုရားဆို ဟုတ်လား ဟန်နီ "
ဘေးချင်းကပ် လမ်းလျှောက်ရင်း စောဆီမှ ထွက်ပေါ်လာသည့် စကားသံကြောင့် နှောင်း ခေါင်းညိမ့်ပြလိုက်မိသည်။
" ဟိုစကားကို ကြားဖူးလား စော "
" ဘာကိုလဲ "
" ထု ဓမ္မရံ ၊ ဉာဏ် သဗ္ဗညု ၊ အနု အာနန္ဒာ ၊ တန်ခိုး ရွှေစည်းခုံ တဲ့ "
စောကို ကြည့်လိုက်တော့ စောဟာ စိတ်ဝင်စားသည့် မျက်လုံးကလေးများဖြင့်ကြည့်နေသည်မလို့ တစ်ချက်ပြုံးလိုက်မိသည်။ ကြောင်ပေါက်လေးနဲ့ တူလိုက်တာ စောက ။
" ပုဂံမှာ ထုထည်အကြီးဆုံးက ဓမ္မရံကြီးဘုရား ၊ ဉာဏ်တော်အမြင့်ဆုံးက သဗ္ဗညုရား ၊ အနုပညာလက်ရာ အမြောက်ဆုံးက အာနန္ဒာဘုရား ၊ တန်ခိုးအကြီးဆုံးက ရွှေစည်းခုံတဲ့ "
" ဘာလို့တန်ခိုးအကြီးဆုံးလို့ သတ်မှတ်တာလဲ "
ကလေးတစ်ယောက်လို သိချင်တာကို တန်းမေးသည့် စောကြောင့် နှောင်းစဉ်းစားရသည်။
" ရွှေစည်းခုံစေတီတော်က ဗုဒ္ဓဘုရားရှင်ရဲ့ သီရီရ ဓာတ်တော်တွေနဲ့အတူ အံ့ဖွယ် ၉ ပါးနဲ့ ပြည့်စုံလို့ထင်တာပါပဲ "
" အံ့ဖွယ် ၉ပါးက ဘာကြီးလဲ "
" အင်း... ဘုရားရဲ့ အရိပ်က ဘယ်သောအခါမှ ဘုရားရဲ့ အုတ်တံတိုင်းကို ကျော်ပြီး မကျရောက်တာမျိုးပေါ့။ အဲ့တာ အံ့ဖွယ်ကိုးပါးထဲက တစ်ချက်ပဲ "
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....