Unicode
ဂျနီဖာ..။ ဂျနီဖာဟာ စောကို ချစ်ကြိုက်နေတဲ့ မိန်းမတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူပြောသလိုပဲ ဂျနီဖာက သူမပိုင်ရရင် ဘယ်သူ့ကိုမှလည်း မရစေချင်တဲ့ အတ္တကြီးတဲ့ မိန်းမမျိုး။ စောက စီးပွားရေးနယ်ပယ်မှာ ဩဇာအရှိဆုံးဆိုရင် ဂျနီဖာက မာဖီးယားလောကမှာ ဩဇာအညောင်းဆုံးပဲ။ ဂျနီဖာရဲ့ မိသားစုဟာ အကြီးမားဆုံး မာဖီးယားဂိုဏ်းတစ်ခု။
တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရသူတွေ။
သူတို့ မိသားစုကို ဘယ်သူကမှ မထိရဲကြ။စောတို့ မိသားစုကသာ ဂျနီဖာတို့ မိသားစုအပေါ် သာမန်လိုပဲ ဆက်ဆံခွင့်ရပြီး ကျန်တဲ့ မိသားစုတွေ အဖွဲ့အစည်းတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်။ ပြောရရင် စောတို့နဲ့ ဂျနီဖာတို့ဟာ ပြိုင်ဘက်တဖြစ်လည်း စီးပွားမိတ်ဖက်တွေပါပင်။ အခုလိုပြန်တွေ့ရမယ်လို့ စော မထင်ခဲ့။ ဂျနီဖာဟာ အချုပ်ကျနေသည်က မကြာသေးပေ။ ဘယ်လိုဖြစ်ပြီး လွတ်လာသလဲဆိုတာထက် မန္တလေးကို ဘာကိစ္စကြောင့် ရောက်နေသလဲဆိုတာကို ပိုသိချင်မိသည်။ တကယ်ဆို ဂျနီဖာဟာ စပိန်မှာရှိနေရမည့်သူပါ။
" အဆင်ပြေရဲ့လား စော "
နှောင်းရဲ့အသံကိုကြားမှ စော အတွေးလွန်နေရာကနေ အနည်းငယ်သတိပြန်ဝင်လာသည်။ နှောင်းစိတ်မပူစေဖို့ အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။
" အွန်း အဆင်ပြေပါတယ် "
ဂျနီဖာ့ကို ရုတ်တရက်တွေ့လိုက်ရတာမလို့ အနည်းငယ် လန့်သွားရုံကလွဲပြီး အဆင်ပြေတာကတော့ အမှန်ပါပင်။ ကြောက်သည်ဆိုတာထက် ဂျနီဖာ့ကြောင့် နှောင်းထိခိုက်သွားမှာကို ပို၍စိတ်ပူသည့် သဘောပါပင်။ ဂျနီဖာဟာ ပြောပြီးရင် လက်တွေ့လုပ်တတ်သည့် လူစားမျိုးဆိုတာ စော ကောင်းကောင်းကြီး သိနေလို့ပင်။
" ပြန်ကြရအောင်လေ ဟန်နီ "
နှောင်းကို လက်တွဲ၍သာ ပွဲခင်းထဲက ထွက်ခဲ့လိုက်တော့သည်။ သို့သော် သူတို့ထွက်သွားသည်ကို ဝိုင်ခွက်ကိုင်ရင်း အစအဆုံးလိုက်ကြည့်နေသည့် ဂျနီဖာကိုတော့ သတိမထားမိလိုက်ပါပေ။
အိမ်ပြန်ရောက်သည့်အခါမှသာ စော နေသာထိုင်သာရှိသွားတော့သည်။ ခဏနားပြီး ရေချိုးလိုက်တာမလို့ အနည်းငယ်စိတ်ကြည်သွားရသည်။ ရေချိုးပြီးထွက်လာတော့ အဝတ်အစားများလဲကာ အိပ်ယာပေါ်တွင် အိပ်ပျော်နေပြီဖြစ်တဲ့ နှောင်းကို တွေ့လိုက်ရသည်။ မိတ်ကပ်တွေ မဖျက်ရသေးပဲ အိပ်ပျော်သွားတဲ့ နှောင်းက ပင်ပန်းနေမှန်း သိသာပါ၏။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....