Unicode
" စုံစမ်းခိုင်းထားတာ ရပြီလား အဲလစ် "
" ဟုတ်ကဲ့။ မနေ့ကပွဲမှာ မမလေးတို့ကို တွဲမြင်သွားပုံပဲ။ ပုံတွေလည်း တက်လာတယ်။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာကို သတင်းရေးခိုင်းတဲ့သူက ဂျနီဖာပါ "
" ဘာ! "
အဲလစ်ရဲ့စကားကြောင့် စောစိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွားရသည်။ ဂျနီဖာ..တဲ့လား။ တကယ်ကို စပြီးလှုပ်ရှားနေပြီပဲ ဂျနီဖာက။ စိတ်မြန်လက်မြန်ရှိသည့် မိန်းမဆိုတာ သိပေမယ့် အခုလောက်ထိ မြန်မယ်လို့တော့ မထင်ခဲ့တာ အမှန်ပင်။
" သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ပြီးပြီလား "
" ဟုတ်ကဲ့ မမလေး။ အကုန် အသင့်ဖြစ်ပါပြီ "
" ကောင်းတယ်။ ဒါဆို ဟိုတယ်ကို ပြန်နှင့်လိုက်ပါ အဲလစ်။ ဟန်နီ့ကို ခေါ်ပြီး နောက်ကလိုက်ခဲ့မယ် "
ဒီနေ့က နားသည့်နေ့မဟုတ်သော်ငြား နှောင်းကို အိမ်မှာတစ်ယောက်တည်း ထားရမှာ စိတ်မချသည်မလို့ အလုပ်မသွားတော့။ မနေ့ကပြန်လာတုန်းကတောင် သတင်းသမား တစ်ချို့က အိမ်ရှေ့တွေ ရှိနေစဲ။ စောကိုယ်တိုင် ကားထဲကထွက်ပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်မှာမလို့ မေးချင်သည့် မေးခွန်းတွေကို သတင်းစာရှင်းလင်းပွဲမှာ မေးရန် ပြောခဲ့သည်။ ဒါကိုတောင် မပြန်ဘဲ ပေကပ်နေကြသေးလို့ ရဲခေါ်မည်လုပ်မှ ပြန်ကြတော့သည်လေ။ တကယ်ကို respect ဆိုတာ မသိကြတဲ့ သတင်းသမားတွေ။
" ဟန်နီရေ "
အဲလစ်ပြန်သွားပြီးတဲ့နောက် တံခါးကို သေချာပိတ်လိုက်ရင်း အခန်းထဲကို ဝင်လိုက်သည်။ အခန်းထဲတွင် နှောင်းက နားကြပ်တပ်ကာ ဖုန်းကို ကြည့်နေသည်။
" ဟန်နီ ဘာတွေ ကြည့်နေတာလဲ "
အခန်းတံခါးပိတ်ရင်း မေးတော့ နှောင်းက ကြားပုံမရ ပြန်မဖြေလာသည်မလို့ လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည်။ ထိုအခါမှသာ နားကြပ်ကိုဖြုတ်ပြီး စောကို ကြည့်လာသည်။
" အဲလစ် ပြန်သွားပြီလား မေဘယ်လ်လေး "
စောရဲ့ လက်ဖဝါးကို ကိုင်ရင်း မေးလာသည့် နှောင်းပါလေ။ သို့သော် စောနက စောခေါ်တာကို မကြားတာမလို့ အနည်းငယ် စိတ်ကောက်ချင်မိသည်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....