Unicode
နန်းတော်ပမာ ကြီးမားလွန်းနေသည့် အိမ်ကြီးအား ကြည့်ရင်း နှောင်း အံ့အားသင့်နေရသည်။ ဒီနေရာက စောသင်္ခနွယ် နေတဲ့နေရာပေါ့။ နောက်ပြီး အိမ်ရှေ့မှာလည်း maid တွေ အများကြီးက အတန်းလိုက် ကြိုဆိုနေပြီး ကော်ဇောနီကပါ ခင်းထားသေးတယ်။ ဘယ်လိုတောင် ကြီးကျယ်ခမ်းနားနေတာလဲ သူက။
" သွားရအောင် "
နှောင်းအနားသို့ ကပ်ကာပြောလာသည့် သူ့ရဲ့ လက်မောင်းကို ကိုင်လိုက်ရင်း သူခေါ်ဆောင်ရာကိုသာ လိုက်ခဲ့ရတော့သည်။
" ကြိုဆိုပါတယ် သခင်လေး "
ကျယ်လောင်စွာ ထွက်လာသည့် အသံများကြောင့် နှောင်း တစ်ချက်တုန်သွားရသည်။ သူ့ကို ကြည့်မိတော့ ပုံမှန်ထက်တည်တံ့ကာ တင်းမာသည့် မျက်နှာထားဖြင့် ရှေ့သို့ဆက်သွားဖို့သာ ပြင်နေလေသည်။ အနေခက်စွာဖြင့်သာ နှောင်း လိုက်ခဲ့ရသည်ပေါ့လေ။
အိမ်ထဲကို ဝင်လိုက်တာနဲ့ နေရာအနံ့ ချိတ်ဆွဲထားသည့် ပန်းချီကားများကို လိုက်ကြည့်နေမိသည်။ တစ်ချို့ ပန်းချီကားတွေဆို ရှားပါးပြီး ကမ္ဘာကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားများဖြစ်နေသည်။ အိမ်တွင်းမှ အပြင်အဆင်များကလည်း သားနားလွန်းလှသည်။ ချိတ်ဆွဲထားသည့် မီးဆိုင်းများဟာလည်း တလက်လက်ဖြစ်နေသေးသည်။
စောက လမ်းလျှောက်နေရင်းမှ တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ ရှေ့တွင်တော့ ခန့်ညားစွာ ထိုင်နေသည့် လူကြီးတစ်ယောက်ရှိသည်။ စောက ထိုလူကို ခါးညွှတ်ကာ နှုတ်ဆက်သည်။ နှောင်းလည်း ယောင်တောင်တောင်ဖြင့် စောလုပ်သလိုသာ လိုက်လုပ်လိုက်မိသည်။
" သူက စောရဲ့ အမျိုးသမီးပါ ဒယ်ဒီ "
နှောင်းကို ကြည့်လာတဲ့ စောရဲ့ အဖေဖြစ်သူရဲ့ အကြည့်တွေဟာ ခက်ထန်နေသည်။ အကြောင်းမဲ့စွာဘဲ ထိတ်လန့်မိတာကြောင့် စောရဲ့ လက်မောင်းကို ခပ်ဖွဖွ ဆွဲထားလိုက်မိသည်။ ဒါကို သိသည့်စောကနှောင်းရဲ့ လက်အား ဆုပ်ကိုင်ပေး၏။
" ဒယ်ဒီ ပြောစရာမရှိရင် စောတို့ကို နားခွင့်ပြုပါ "
ခေါင်းငြိမ့်တုန့်ပြန်လာသည့် စောရဲ့ ဒယ်ဒီ။
စောက နှောင်းရဲ့ ပခုံးကို ဖက်ရင်း သူ့ရဲ့ အခန်းဆီသို့ ခေါ်ဆောင်သွားသည်။ နှောင်းရဲ့ ပခုံးပေါ်က စောရဲ့ လက်တွေ တုန်ရီနေသည်ကို သတိထားမိလိုက်သည်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....