Unicode
" အခု လူကြီးမင်းတို့ရှေ့မှာ ရပ်နေတဲ့ ကျွန်တော် စောသင်္ခနွယ်ဟာ အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း အသိပေးချင်ပါတယ် "
စောရဲ့ စကားအဆုံးမှာ အာမေဋိတ်သံများဖြင့် ပျံ့နှံ့သွားသည့် အခန်း။ လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် သတင်းထောက်များ။
" ကျွန်တော်ဟာ ငယ်စဉ်က မတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့ အစ်ကိုဖြစ်သူ စောသင်္ခနွယ်ရဲ့ အစားထိုးခံတစ်ယောက်ပါပဲ။ မိသားစုအစဉ်လာအရ အမျိုးသားတွေပဲ ဥက္ကဌနေရာကို ဆက်ခံရတာမလို့ တစ်ဦးတည်းသော အမွေဆက်ခံသူအဖြစ်ကျန်ရှိနေခဲ့တဲ့ ကျွန်တော်က အဘိုးနဲ့ အဖေရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေအောက် အမျိုးသားတစ်ယောပ်အနေနဲ့ ရှင်သန်ခဲ့ရပါတယ် "
မိုက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ထိုစကားတို့ကို ပြောနေရပါသည်။ အမှန်တရားတွေကို ထုတ်ပြောရ ဖုံးကွယ်ထားခဲ့တဲ့ ဖြစ်တည်မှုအမှန်ကို ပြောရတာဟာ စောအတွက် မလွယ်ကူလှပါ။ ဒီသတင်းဟာ သေချာပေါက် ဒယ်ဒီ့ဆီကို ရောက်သွားမယ်ဆိုတာ စောသိပါသည်။ နောက်ပြီး စောရဲ့ ဆက်ခံသူနေရာ ၊ စီးပွားရေးလောကထဲမှာ ရှိခဲ့တဲ့ စောရဲ့ အရှိန်အဝါဟာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မတွေးချင်တော့။
စောတွေးထားတာထက် ဆိုးရွားတာလည်း ဖြစ်နိုင်သလို ထင်ထားသလို ဖြစ်မလာတာမျိုးလည်း ရှိနိုင်ပါသည်။ သို့သော် စော ဘာကိုမှ မတွေးချင်တော့။ ဒါဟာ စောရဲ့ ပုံစံအမှန်နဲ့ နေနိုင်မည့် အခွင့်အရေးဖြစ်သလို ၊ နောက်ဆက်တွဲ ပြဿနာတွေ ထပ်မဖြစ်နိုင်အောင် တားဆီးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါသည်။
သတင်းစာ ရှင်းလင်းပွဲမှာ အဖြစ်မှန်တွေကို ပြောပြီးသည့်နောက် နောက်နေ့တွင်တော့ စောရဲ့ သတင်းဟာ ခေါင်းစီးပိုင်းတွင် ပါဝင်လာပါသည်။ နှောင်းနဲ့ လက်ထပ်ထားတာဟာ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ ပါဝင်ပေမယ့် တူညီတဲ့ အကြောင်းအရာချည်းသာ ဖြစ်သည်။ တော်သေးသည်က စောဟာ ထင်ထားသလောက် ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ မရသလို နှောင်းကိုလည်း အပြစ်ပြောခြင်းမျိုး မရှိပါပေ။ အံ့သြဖို့ကောင်းသည်က LGBT ထောက်ခံကြသူတွေတင်မက တစ်ချို့သောလူတွေကပါ စောတို့ကို ချစ်ခင်ပေးကြသည်ပင်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....