Unicode
စပိန်တွင် တစ်ပတ်လောက်သာ နေပြီးသည့်နောက် မန္တလေးသို့ ပြန်လာခဲ့ကြသည်။
အမှတ်တရရယ်လို့ များများစားစား မဖန်တီးခဲ့ရပေမဲ့ စောပေးသည့် ပန်းကလေးများနှင့် လက်စွပ်ကလေးအား အမှတ်တရအနေဖြင့် ရရှိခဲ့သည်။ စပိန်မှာရှိနေစဉ်အတွင်း စာရေးခြင်းလည်း မလုပ်နိုင်သည်မလို့ အိမ်ကို ပြန်ရောက်မှသာ သက်တောင့်သက်သာဖြင့် အလုပ်ပြန်လုပ်ရသည်။ဒီတစ်ခါရေးသည့် ဇာတ်လမ်းဟာ ကချင်ပြည်နယ်တွင် ဇာတ်အိမ်တည်မည့် ဇာတ်လမ်းကလေးဖြစ်သည့်အပြင် နှောင်း အနေနဲ့ လိင်တူဇာတ်လမ်းတစ်ပုဒ်ကို ပထမဆုံး ဖန်တီးကြည့်ခြင်းဖြစ်သည်ကြောင့် နည်းနည်းတော့ အခက်တွေ့လှသည်။ အခက်တွေ့သည်ဆိုသည်ကလည်း နေရာဒေသ အခေါ်အဝါ်တွေကို သိပ်မရင်းနှီးတာကြောင့်သာ။
နှောင်းအနေနဲ့ လိင်တူချစ်ကြိုက်သည့်အပေါ် ကြည်ဖြူလှပါသည်။ အချစ်ဟာ အချစ်ပဲဟု သတ်မှတ်ထားပြီး စိတ်ကိုဖွင့်ပေးထားတာကြောင့်ဖြစ်မည်။ ပန်းနုရောင်သမ်းသည့် အချစ်တွေရှိသလို သက်တန့်ရောင် ချစ်ခြင်းတွေလည်း ရှိပါရဲ့။ ဘယ်လိုချစ်ခြင်းတွေမဆို လှပသည်ဆိုတာကို နှောင်း လက်ခံသည်။ သို့သော် သက်တန့်ရောင် ချစ်ခြင်းမျိုးကိုတော့ နှောင်း မကြုံဖူးသေး။ ဒါကြောင့် စိတ်ကူးယဉ် ပုံဖော်ကာ ရေးရသည်။
မိန်းကလေးအချင်းချင်းတွဲတဲ့အခါ ဘယ်လို ခံစားချက်မျိုးလဲ။ ကောင်းကျိုး ၊ ဆိုးကျိုး အရာအားလုံးကို တွေးကြည့်ရသည်။ ဒါဟာ နှောင်းအတွက် challenge တစ်ခုလိုပင်။ ကိုယ်မကြုံဖူးသည့် ခံစားချက်မျိုးကို ရေးသည့်အခါ သေချာပုံဖော်နိုင်ပါ့မလားဆိုတာကိုလည်း တွေးပူရသေးသည်။
နေရာဒေသအလိုက် အခေါ်အဝေါ် အနေအထားတွေ မတူသည်မလို့ ထိုနေရာနဲ့ပတ်သက်ပြီး လေ့လာဖတ်ရှုရတာတွေလည်းရှိသည်။ စိတ်ကူးထဲကလိုပဲ ရေးပစ်လိုက်တဲ့အခါ မတူညီတဲ့အရာတွေ သိပ်များလှသည်။ သဘာဝမဆန်ဘဲ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကုန်သည်ကို နှောင်း မကြိုက်။ ဇာတ်လမ်းဟာ စိတ်ကူး၊ အတွေးနဲ့တည်ရတာမလို့ စိတ်ကူးယဉ်ဆန်တာ ကိစ္စမရှိပေမဲ့ ဇာတ်အိမ်တည်လိုက်သည့် နေရာဒေသဟာတော့ လက်တွေ့မှာ ရှိသည်ဖြစ်တာမလို့ သဘာဝကျအောင် ရေးရသည်လေ။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....