- Chapter 22 -

2K 182 8
                                    

Unicode

တရားရုံးကနေ မြတ်သူရဲ့ အမှုကို အမိန့်ချမှတ်သည်က ထောင်ဒဏ် ၁နှစ်နဲ့ ငွေဒဏ်တဲ့လေ။ စော သိပ်တော့ ဘဝင်မကျလှပေမဲ့ ဥပဒေအရဆိုတော့လည်း လက်ခံလိုက်ရသည်ပေါ့။ စောကိုယ်တိုင် တရားရုံးမတက်သော်လည်း အဲလစ်ပြောပုံအရ မြတ်သူဟာ စောကို ကြိမ်းဝါးသွားသတဲ့။ ဒီကောင်တော့ မမှတ်သေးဘူးထင်ပါတယ်လေ။

" ဒီနေ့ အချိန်ဇယားက ဘယ်လိုလဲ အဲလစ် "

" ညပိုင်းကျရင် dinner party ရှိပါတယ် မမလေး။ အဲ့တာ တက်ရောက်ပေးဖို့ပဲရှိတာပါ။ နေ့လယ်ပိုင်း အချိန်ဇယားမရှိဘူးဗျ "

အဲလစ်ရဲ့ စကားအား ခေါင်းညိမ့်‌ပြီးနောက် ဖုန်းကို ယူကြည့်လိုက်မိသည်။ အချိန်ကား ၂နာရီ အတိ။

" ညဘယ်နှနာရီလဲ "

" ၇နာရီခွဲပါ မမလေး "

" အဲ့အချိန်ကျမှ ပြန်တွေ့တာပေါ့ "

ပြောပြီးတာနဲ့ ကုတ်အင်္ကျီကိုဆွဲယူကာ အလောတကြီး အခန်းပြင်ကို ထွက်သွားသည့် စောအား ခေါင်းတရမ်းရမ်းဖြင့် ကြည့်နေရသူက အဲလစ်ပင်။

" မထင်ရဘူး အချစ်ရူးပဲ "

အဲလစ်ရဲ့ စကားကို စောကြားရင်တော့ ဂုတ်ပိုးကို တစ်ချက်လောက် အုပ်ခံရမည်က မလွဲဧကန်။ ကားလေးကို ဖြည်းဖြည်းချင်းမောင်းရင်း အိမ်ကိုပြန်လာခဲ့သည်။ အလုပ်တွေ ပြီးကတည်းက အချိန်ရရင် ရသလို အိမ်ကိုသာ ပြန်တတ်သည်က စောရဲ့ အကျင့်တစ်ခုလိုတောင် ဖြစ်လာသည်လေ။ ပြန်ချင်စရာကောင်းလောက်အောင် ချစ်ရသူက အိမ်မှာအမြဲရှိနေသည်မဟုတ်ပါလား။

အိမ်ကိုရောက်သည်နှင့် အရင်ဆုံးရှာမိတာကလည်း နှောင်းကိုပါပဲ။ အိတ်ကို ဧည့်ခန်းက ဆိုဖာပေါ် ပစ်ချပြီး နှောင်းရဲ့ အခန်းကို တံခါးသွားခေါက်ရသည်။ အသံပြုမလာရင် နှောင်းဟာ အခန်းထဲမှာမရှိဘဲ အလုပ်ခန်းထဲမှာဖြစ်မည်ဆိုတာကို စောသိနှင့်ပြီးပြီ။

" အစောကြီး ပြန်ရောက်လာတာပါလား "

စော အိမ်ထဲကို ဝင်လာတာကိုတွေ့တော့ ဧည့်ခန်းမှာ ထိုင်နေသည့် နှောင်းက ထလာရင်း ပြောသည်။

I Got Married With A Girl!!Where stories live. Discover now