Unicode
သံစဥ်သဲ့သဲ့သာ လွှမ်းမိုးနေသည့် ကဖေးဆိုင်လေးရဲ့ ထောင့်စွန်းဝိုင်းလေးမှာ ထိုင်နေတဲ့ သူနှစ်ယောက်။ suit ဝတ်ထားသည့်သူဟာ သူ့ရဲ့ရှေ့တွင် ထိုင်နေသော အမျိုးသမီးကို ခပ်ရဲရဲအကြည့်တွေနဲ့ ကြည့်နေလေရဲ့။
" ကျွန်တော် နှောင်းရိပ်ငြိမ်နဲ့ လက်ထပ်ချင်တယ်။ နောက်ပြီး နှောင်းရိပ်ငြိမ်ကို နေ့တိုင်းတွေ့ချင်တယ်။ ကျွန်တော့်အတွက်တော့ အဲ့အကြောင်းပြချက်က လုံလောက်တယ်လို့လည်း ထင်တယ် "
တည်ငြိမ်ပြတ်သားတဲ့ လေသံဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမည့်ပုံမပေါ်။ နှောင်း ဘယ်လိုလုပ်ရမလဲ တွေးမိလိုက်ပေမဲ့ သူ့ရဲ့ အကြည့်စူးစူးတွေကြောင့် နေရခက်လာမိသည်။
ထူးဆန်းတဲ့သူပဲ။ နေ့တိုင်း တွေ့ချင်ရုံနဲ့ လက်ထပ်မယ်တဲ့လား။ နောက်ပြီး အဲ့ဒီအကြောင်းပြချက်က သူ့အတွက် လုံလောက်တယ်တဲ့။ ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်လိုက်ပါလဲ။
" ရှင်နဲ့ လက်ထပ်ရင် ကျွန်မအတွက် ဘာအကျိုးရှိမှာလဲ။ အိမ်အလုပ်တွေလုပ်ဖို့ အချိန်တွေ ကျွန်မမှာ မရှိဘူး။ နောက်ပြီး ရှင့်ကို ပြုစုဖို့လည်း စိတ်မဝင်စားဘူး "
နှောင်းရဲ့ စကားကြောင့် သူက ခပ်ဟဟရယ်သည်။ပြေပြစ်တဲ့ နှုတ်ခမ်းတွေရဲ့ ခနဲ့သလိုလို ကွေးတက်သွားပုံက သဘောကျချင်စရာ။ ခပ်မြင့်မြင့် နှာတံ ၊ မထူမပါးဖြင့် ဖြောင့်တန်းစွာရှိလှသည့် မျက်ခုံးများက တွန့်ချိုးနေတတ်သေးသည်။
အထူးခြားဆုံးက ပင်လယ်ပြာလို ပြာလဲ့နေတဲ့ သူ့ရဲ့ မျက်ဝန်းတွေပင်။ လှပတဲ့ မျက်ဝန်းတွေနဲ့ တစ်ပြိုင်တည်းမှာပဲ စူးရဲနေတဲ့ အကြည့်တွေက သိပ်ကိုလိုက်ဖက်လှသည်။ မျက်မှန်ခံထားလို့သာပါပဲ။ မဟုတ်ရင် အဲ့အကြည့်စူးစူးကြောင့် နှောင်းတော့ နေစရာကို ရှိမှာမဟုတ်လောက်။
" အဲ့တာတွေ လုပ်ခိုင်းချင်ရင် ကျွန်တော် နှောင်းရိပ်ငြိမ်ကို လက်ထပ်မှာမဟုတ်ဘူး။ maid တစ်ယောက်ပဲရှာပြီး ခိုင်းလိုက်မှာ "
သူ့လက်ထဲမှ ကော်ဖီခွက်ကို ဟန်ပါပါချရင်း ပြောလာသည့် စကားဟာ နှောင်း သဘောကျသည့် အဖြေမျိုးပါပင်။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....