Unicode
" အဲလစ်နဲ့ ဂျနီဖာလာတယ် မေဘယ်လ် "
အခန်းထဲတွင် နားနေသည့် စောအား လာခေါ်သည့် နှောင်းကြောင့် ခေါင်းညိမ့်ပြကာ ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ အဲလစ်နဲ့ ဂျနီဖာကို အလုပ်ချိန်မဟုတ်တဲ့ အချိန်မှာ အတူတွဲတွေ့ရတာ အနည်းငယ်တော့ အံ့ဩမိသည်။ သူတို့ပြန်အဆင်ပြေသွားတာလားလို့ တွေးမိလိုက်ပေမယ့် ဖြစ်နိုင်မယ်မထင်ပါ။ တကယ် ပြန်အဆင်ပြေသွားရင်တော့ စော အနေနဲ့ ဝမ်းအသာဆုံးဖြစ်မှာသေချာပါသည်။
" သက်သာသွားပြီလား "
" သက်သာရဲ့လား မမလေး "
တစ်ပြိုင်တည်းထွက်လာသည့် အသံကြောင့် စော အနည်းငယ်ပြုံးလိုက်မိသည်။ ဒီနှစ်ယောက် စိတ်ပူပေးနေတာမြင်ရတာ ကောင်းသားပဲ။
" အွန်း သက်သာပါတယ် "
မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်းဖြေလိုက်သည်။ နှောင်းက လင်ဗန်းကိုကိုင်ရင်း မီးဖိုခန်းထဲမှ ထွက်လာသည်။ ဂျနီဖာနဲ့ အဲလစ်ကိုတော့ ကော်ဖီတစ်ခွက်စီချပေးပြီး စောကိုတော့ လိမ္မော်ရည်ချပေးပါသည်။
" ဘယ်သွားမလို့လဲ ဟန်နီ "
သောက်စရာတွေချပေးပြီးနောက် ထွက်သွားဖို့ပြင်နေသည့် နှောင်းရဲ့လက်ကိုဆွဲရင်း မေးလိုက်သည်ကို အဲလစ်က မနိုင်သည့်အကြည့်ဖြင့် ကြည့်နေပြီး ဂျနီဖာကတော့ လက်ကြီးပိုက်ကာ မျက်နှာတည်ဖြင့် ကြည့်နေပြန်သည်။
" မေဘယ်လ်တို့ အေးအေးဆေးဆေး စကားပြောရအောင်ပါ။ တို့လည်း စာရေးလက်စ မပြီးသေးလို့လေ "
" နောက်မှရေးလို့မရဘူးလား "
" မရဘူးလေ မေဘယ်လ်လေးရဲ့။ တို့ စာမူအပ်ရမယ့်ရက်ကလည်း နီးလာပြီကို "
" ဒါဆိုလည်း သေချာရေးနော် "
" ဟုတ်ပါပြီရှင် "
နှောင်းရဲ့ လက်ဖဝါးလေးအား နမ်းရင်းပြောတော့ နှောင်းက သဘောတကျရယ်ပြီး စောရဲ့ ပါးလေးအား တစ်ချက်ဆွဲသည်။ နှောင်း အခန်းထဲဝင်သွားတာကို ကြည့်ပြီးမှ အဲလစ်တို့ဘက်ကိုလှည့်တော့ အဲလစ်ရဲ့ အကြည့်ကြောင့် သွားဖြီးပြလိုက်ရသည်။ အဲလစ်က တော်တော်ဖြစ်နေတာပဲ ဆိုတဲ့စကားကို ထုတ်မပြောရုံတမယ် ကြည့်နေသည်ကိုး။
![](https://img.wattpad.com/cover/368627629-288-k189057.jpg)
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....