Unicode
ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ဟာ အခန်းတစ်လျှောက်ပေါ်ထွက်လာသည်။ မျက်မှန်တစ်လက်ကိုတပ်ထားသည့် မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းဟာ ခပ်နီနီ။ ဝတ်ထားသည့် ဝတ်စုံဟာဖြင့် အနက်ရောင်။ မာန်ပါပါလျှောက်နေသည့် ထိုမိန်းမရဲ့ ပန်းနုရောင်ဆံနွယ်များဟာ ယိမ်းနွဲ့နေသည်။ ထိုသူဟာ အခန်းတစ်ခုရှေ့ရောက်သောအခါ အသင့်ဖွင့်လျှက်သား ရှိနေသည့် အခန်းအတွင်းသို့ ဝင်သွားလိုက်သည်။
စားပွဲခုံတစ်လုံးနှင့် ခုံနှစ်ခုံမျှသာရှိသော အခန်းကျဉ်းထဲတွင် ယောက်ျားတစ်ယောက်ဟာ ထောင်ဝတ်စုံဖြင့် ထိုင်နေသည်။ ထိုသူဟာ မြတ်သူဖြစ်သည်ဆိုတာ မလွဲပေ။ မြတ်သူ၏ ရှေ့တွင် ဝင်ထိုင်လိုက်ရင်း ခြေထောက်တွေကို မာန်ပါပါ ချိတ်ထားလိုက်သည်။
" တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မက ဂျနီဖာပါ "
မျက်မှန်ကို တပ်ထားလျှက် လက်ကိုပိုက်ကာဖြင့် နှုတ်ဆက်လာသူကြောင့် မြတ်သူ ကြောင်အမိသွားသည်။
" ကျွန်တော့်ကို သိလို့လား "
" နှောင်းရိပ်ငြိမ်ရဲ့ ရည်းစားဟောင်း ၊ စောသင်္ခနွယ်ရဲ့ ရန်သူ ... ဟုတ်တယ်မလား "
မြတ်သူဟာ ပြန်ဖြေလာခြင်းမရှိပါ။ ဂျနီဖာ့ကိုသာ အသေချာစိုက်ကြည့်နေသည်။ မြတ်သူရဲ့ မျက်လုံးထဲမှ ရမ္မက်များကို အနည်းငယ်တွေ့လိုက်ရသော်လည်း ဂျနီဖာလစ်လျူရှုပစ်လိုက်သည်။ ဒီလို မလောက်လေးမလောက်စားက ဂျနီဖာ့ကို ဘာလုပ်နိုင်မှာမလို့လဲ။
" ကျွန်မက စောသင်္ခနွယ်ကို လိုချင်တဲ့သူပဲ။ ရှင် ကျွန်မနဲ့ပူးပေါင်းပြီး နှောင်းရိပ်ငြိမ်ကို စောရဲ့ဘဝထဲက ထုတ်သွားပေးမယ်ဆိုရင် ရှင့်ကို ထောင်ထဲက ထုတ်ပေးမယ် "
" အဲ့တာပဲလား "
" ရှင်လိုချင်တာ ပေးမယ်ဆိုရင်ရော "
ဂျနီဖာ့ရဲ့ စကားကြောင့် လက်ခနဲဖြစ်သွားသည့် မြတ်သူရဲ့ မျက်လုံးများဟာ ကြက်သီးထစရာကောင်းသည်အထိ ရွံဖို့ကောင်းသည်။ သို့သော် မတတ်နိုင် နှောင်းရိပ်ငြိမ်ကို စောရဲ့ဘဝထဲက ခေါ်ထုတ်ဖို့ဆိုရင် အချစ်ဦးကို အသုံးချရုံကလွဲပြီး သေချာတာ မရှိဘူးမဟုတ်ပါလား။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....