Unicode
" ရှင်က ဘာလိုက်လုပ်တာလဲ တကယ်ပဲ "
ကားမောင်းနေသည့် စောအား နောက်ကနေ ရန်ထောင်နေသည့် နိုးနိုးကို လက်မောင်းအား ဖြတ်ခနဲပိတ်ရိုက်ပစ်လိုက်သည်။ မျက်စောင်းထိုးဖြင့် ကြည့်လာသော်လည်း အရေးမစိုက်အား။ တွေ့ကတည်းက စောကိုဆို အကောင်းမပြောသည့် နိုးနိုးရယ်လေ။
" ကျွန်တော်လည်း နှောင်းရဲ့ မိဘတွေကို လိုက်တွေ့တာလေ။ တစ်ခါလောက်တော့ တွေ့သင့်တယ်မဟုတ်လား "
" နောက်မှတွေ့လည်း ရတာကို ရှုပ်ရှုပ်ယှက်ယှက် "
" ရှုပ်နေတာက အဲ့ကညီမထင်တယ် "
ပက်ခနဲပြန်ပြောလာသည့် စောရဲ့ စကားကြောင့် နိုးနိုး မျက်နှာဟာ ရှုံ့မဲ့သွားသည်။ နှောင်းလည်း ရယ်ချင်နေသည်ကို မထိန်းနိုင်တော့ဘဲ ရယ်မိသွားတော့ နိုးနိုးရဲ့ နဂါးမျက်စောင်းအပြင် လက်မောင်းကိုပါ ရိုက်ခြင်းခံလိုက်ရသည်။
တကယ်တော့ နိုးနိုးက နှောင်းကို ပါပါးတို့နဲ့တွေ့ဖို့နှင့် shopping ထွက်မည်ဆိုကာ လာခေါ်ခြင်း။ မကြာခဏဆိုသလို သူဈေးဝယ်ထွက်တိုင်း နှောင်းကလိုက်ပေးရသည်။ သူက နှောင်းရဲ့ လက်ထောက်လား နှောင်းကပဲ သူ့ရဲ့ လက်ထောက်လားဆိုတာ မသဲကွဲ။
စောကလည်း နှောင်းရဲ့ မိဘတွေကို တွေ့ချင်ပြီး အတူတူလိုက်ခဲ့မည်ဟုဆိုတော့ နှောင်းလည်း မငြင်းသာဘဲ ခေါ်ခဲ့သည်လေ။ ဒါကို နိုးနိုးက ကျေနပ်ပုံမရ။ ပွစိပွစိနှင့် အဖွားအိုပေါက်စလို လုပ်နေသေးသည်။
" ဒီနေရာလား နှောင်းရိပ်ငြိမ် "
အိမ်ရှေ့နားလေးတွင် ကားရပ်ကာ မေးလာသည့် စောကြောင့် နှောင်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။ စောက ဟွန်းတစ်ချက်တီးလိုက်တော့ လေးလေးမြဟာ တံခါးကို ဖွင့်ပေးသည်။ စောက ခြံဝန်းထဲသို့ ဖြည်းညင်းစွာ မောင်းဝင်လိုက်ပြီး အိမ်ရှေ့က အမိုးအောက်တွင် ကားကိုရပ်သည်။
ကားပေါ်ကနေ ခပ်သုတ်သုတ်ဆင်းသွားသည့်နောက်တော့ ကျွန်မဘက်မှ တံခါးဟာ ပွင့်လာသည်လေ။ နှောင်းလည်း ကားပေါ်မှဆင်းကာ စောအား အပြုံးနုနုတို့ ပေးလိုက်မိသည်။ စောလို သခင်လေးဟာ နှောင်းကို ဂရုတစိုက်ဖြင့် ကားတံခါးတောင် လာဖွင့်ပေးသည်မဟုတ်ပါလား။ စပိန်တုန်းကဆို စောဟာ ကားတံခါးတောင် ကိုယ်တိုင်ဖွင့်စရာလိုမနေပါ။
YOU ARE READING
I Got Married With A Girl!!
Romanceမိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....