- Chapter 7 -

2.5K 186 8
                                    

Unicode

အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် နှောင်း အနေခက်နေမိသည်။ စောကတော့ ကားမောင်းသည့်ဆီမှာပဲ အာရုံရှိနေသလားမသိပေမဲ့ နှောင်းကတော့ စောကိုကြည့်လိုက် ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုင်ကြည့်လိုက်ဖြင့်သာ ယောက်ယက်ခပ်နေမိသည်။ မြတ်သူကို အနိုင်လိုချင်စိတ်ဖြင့် စောကို ရုတ်တရက်နမ်းလိုက်ပေမဲ့ ပြန်လည်တုန့်ပြန်လာမည်လို့ လုံးဝမထင်ထားခဲ့။ ပြန်တုန့်ပြန်လိုက်သည်ကလည်း ရှည်ကြာတဲ့ အနမ်းတဲ့လေ။ စောရဲ့ အနမ်းတွေဟာ ချိုမြန်သည်ကိုတော့ နှောင်း  ခံစားလို့ရနေတုန်းပဲ။ ပြန်တွေးမိတော့ ရှက်လိုက်တာလေ...။

ဒါပေမဲ့ စော ဘာလို့များ ဒီလောက်ထိ နမ်းတတ်သည်လဲ။ ကျွမ်းကျင့်အဆင့်လို့တောင် ဆိုနိုင်တဲ့ အနမ်းတွေ မဟုတ်ပါလား။ ဘယ်သူနဲ့များ နမ်းဖူးလို့ အဲ့လောက် တော်နေရတာလဲဟုတွေးရင်း အနည်းငယ် မနာလိုစိတ်က ပေါ်လာပြန်သည်။ ကားမောင်းနေတဲ့ စောကို မဆီမဆိုင်စွာဖြင့် မျက်စောင်းထိုးကာ ကြည့်မိလိုက်သေး၏။

" ဘာဖြစ်လို့လဲ နှောင်းရိပ်ငြိမ် "

နှောင်း မျက်စောင်းထိုးလိုက်သည်ကို မြင်သည့်အလား မေးလာသည့် သူ့ကြောင့် မလုံမလဲဖြစ်ရပြန်သည်။ မျက်လုံးကလည်း လျှင်လိုက်တာ။ ဘယ်လိုများမြင်သွားသည် မသိ။

" ဘာမှ မဟုတ်ပါဘူး "

နှောင်း ပြန်ဖြေတော့ သူက ခေါင်းကိုငြိမ့်ပြီး ကားမှန်ဘောင်ကို လက်တင်ကာ နားထင်ကို ထောက်ထား‌သည်။ လက်တစ်ဖက်တည်းဖြင့် စီယာတိုင်ကို ထိန်းရင်း ကားမောင်းနေသည့်သူက အတော်လေးကျွမ်းကျင်ပုံရသည်။ နောက်ပြီး အခုလိုပုံစံကလည်း ကြည့်ကောင်းနေပြန်သည်။

နှောင်း သူ့ရဲ့ နှုတ်ခမ်းတွေဆီသို့ အကြည့်ရောက်သွားမိသည်။ သူက နှုတ်ခမ်းဖျားကို ကိုက်ထားသည်။ မဆီမဆိုင် တံတွေးမြိုချလိုက်မိပြီးမှ အတွေးကို ထိန်းကာ ပြတင်းပေါက်ဘက်သို့ လှည့်လိုက်ရသည်။ နှောင်းရိပ်ငြိမ်... မိနှောင်းရယ် စိတ်ထိန်းပါဦးလားဟု ကိုယ်ကိုယ်ကိုယ်သတိပြန်ပေးနေရသေးသည်။

I Got Married With A Girl!!Where stories live. Discover now