- Chapter 21 -

3.1K 236 15
                                    

Unicode

လူတွေဟာ ချစ်ခြင်းမေတ္တာကို ဘယ်လိုသတ်မှတ်သလဲဆိုတာ စော မသိဘူး။ လူတစ်‌ယောက်နဲ့ တစ်ယောက်ချစ်မိတဲ့အခါ ဘယ်လိုခံစားချက်တွေဖြစ်လဲ။ တစ်ချို့ကတော့ ရင်ခုန်သံမြန်လာပြီး နှလုံးသားက ပေါက်ထွက်မတတ်ဖြစ်တယ်တဲ့။ တစ်ချို့ကတော့ ချစ်ရတဲ့သူကို မြင်လိုက်ရင် ကြည်နူးရပြီး အေးချမ်းရတယ်တဲ့။

တကယ်တော့ အချစ်ဆိုတာ ဘာရယ်မှတော့မဟုတ်ဘူးပဲ။ ဒီတိုင်းလူတွေက တစ်စုံတစ်ယောက်အပေါ် ထူးထူးခြားခြားခံစားလိုက်ရတဲ့အခါ အဲ့တာကို အချစ်လို့ သတ်မှတ်လိုက်ပုံရတယ်။ တစ်စုံတစ်ယောက်အပေါ် တစ်ခါမှမထားဘူးတဲ့ ခံစားချက်မျိုးထားမိပြီး အဲ့ဒီလူနဲ့ အတူရှိချင်နေတာမျိုးပေါ့။ အချစ်ဟာ အများအားဖြင့် တပ်မက်စိတ်ပါပဲ။

စောမှာရော နှောင်းအပေါ် တပ်မက်စိတ်ရှိရဲ့လား။ မရှိဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့။ စတွေ့ကတည်းက နှောင်းနဲ့အတူရှိချင်ခဲ့တဲ့ စိတ်ကလည်း တစ်နည်းအားဖြင့် တပ်မက်စိတ်ပါပဲလေ။ စောရဲ့ အရှေ့မှာ မြင်နေရတဲ့ အမျိုးသမီးကို စော ချစ်သည်။ ဂရုစိုက်ပေးချင်သည်။ ‌နောက်ပြီး တရားဝင်အနေနဲ့ စောရဲ့အပိုင်ဖြစ်စေချင်သည်။ အများကြီး ကြိုးစားရမယ်ဆိုတာကို သိပေမယ့် နှောင်းသာရှိနေရင် စောဟာ ဒယ်ဒီ့ကိုလည်း ရင်ဆိုင်ရဲပါသည်။

" စော "

" ဟင် "

" တို့ ဒီမှာ ခဏနေလို့ရမလား "

နှောင်းရဲ့စကားကြောင့် ကျေနပ်စွာပြုံးမိသည်။ အခု နှောင်းက စောနဲ့ အတူရှိနေချင်တာမဟုတ်လား။ ကြည်နူးစရာမကောင်းပေဘူးလား။ တကူးတက ထမင်းဘူးလာပို့ပေးကတည်းကိုက စောစိတ်ထဲ ငိုချင်လောက်အောင်ထိ ကြည်နူးနေရသည်။

တစ်‌ယောက်ယောက်က ဒီလိုမျိုး သေချာဂရုစိုက်ပေးတယ်ဆိုတာ မရှိခဲ့။ အားလုံးက တာဝန်အရ အလုပ်လုပ်နေသည့်ပုံစံတွေသာ။ စောအနေနဲ့ သူတို့ကို ခက်ထန်မိလို့လားတော့ မပြောတတ်။ မတတ်နိုင် ဒါကလည်း စောရဲ့ ပုံစံ‌လိုဖြစ်နေသည်ကိုး။

နှောင်းနဲ့တွေ့မှ အနည်းငယ်ပြောင်းလဲစပြုလာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားမိသည်။ အင်း... နှောင်းအပေါ်တော့ ခက်ထန်စွာ မဆက်ဆံချင်တာလည်း ပါမည်။ တွေ့ကတည်းက ဒီအမျိုးသမီးကို ရိုကျိုးချင်နေတဲ့ စိတ်ကဖြစ်နေတာ။ ခက်တော့ ခက်သားနော်။

I Got Married With A Girl!!Where stories live. Discover now