- Chapter 4 -

2.8K 189 7
                                    

Unicode

တတောက်တောက်ပြေးလွှားနေသည့် ကီးဘုတ်ပေါ်မှ သွယ်လျလျ လက်ချောင်းများ။
ဆိတ်ငြိမ်နေသည့် အိမ်ကလေး။ ခပ်မှိန်မှိန်သာ လင်းသည့် အခန်းငယ်လေး။ မလွဲမသွေ နှောင်း တစ်ယောက် စာရေးနေခြင်းပါပင်။

ပြေးလွှားနေတဲ့ အတွေးတွေကို တစ်စုတစ်စည်းတည်း စာလုံးတွေ ‌၊ စာကြောင်းတွေ အဖြစ် ဖွဲ့သီပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရခြင်းဟာ နှောင်းအတွက် ဘယ်သောအခါမျှ ရိုးအီသွာမည့် အလုပ်မဟုတ်။

ပါပါးလို အင်ဂျင်နီယာဘွဲ့ရထားပေမဲ့ နှောင်းကတော့ စာရေးရခြင်းကိုသာ နှစ်သက်သူမလို့ ဒီနယ်ပယ်ကို တိုးဝင်ခဲ့ခြင်း။ နောက်ပြီး အင်ဂျင်နီယာအလုပ်က နှောင်းနဲ့ သိပ်မကိုက်ဟု ထင်တာကြောင့်လည်းပါမည်။

စစချင်း ဒီနယ်ပယ်ကို ဝင်တုန်းက သူငယ်ချင်းတွေကတော့ နှောင်းကို အပြစ်တင်ပြောဆိုကြတာပဲ။ ဒါပေမဲ့ ပထမဆုံးထုတ်ဝေတဲ့ စာအုပ်ကအစ ရောင်းအားကောင်းပြီး စာဖတ်သူအကြိုက်တွေ့ကြတော့ သူတို့ပါးစပ်တွေလည်း ပိတ်ကုန်ကြရော။ လူတွေရဲ့ သဘာဝဆိုတာ အဲ့တာပါပဲ။

သူတို့ပြောသမျှသာ အတွေးတွေထဲထည့်မိရင်တော့ ‌ရူးရချေရဲ့လေ။ ပတ်ဝန်းကျင်က ဘာပဲပြောပြော ဂရုမစိုက်ဖို့ သင်ပေးတတ်သည့် ပါပါးနဲ့ မာမားကိုလည်း ကျေးဇူးတင်မိပါသည်။ ပါပါးနဲ့ မာမားရှိလို့သာ နှောင်းလည်း ဒီလို ထူထူထောင်ထောင် ပြန်ဖြစ်လာတာမဟုတ်ပါလား။

* Ocean blue eyes looking in mine
I feel like I might sink ...*

မြည်လာသည့် ဖုန်းသံကြောင့် စာရေးတာကို ခဏရပ်လိုက်ရင်း ဖုန်းကို ကြည့်လိုက်တော့
' စောသင်္ခနွယ် ' ဆိုသည့် နာမည်ကို မြင်လိုက်ရသည်။ နှောင်း ပြုံးမိသွားသလား မသိပေမဲ့ ဖုန်းကိုသာ ကိုင်လိုက်မိသည်။

" Hello "

" ကျွန်တော် စောသင်္ခနွယ်ပါ "

" သိပါတယ် ၊ ဘာကိစ္စရှိလို့လဲ "

" ကျွန်တော် နှောင်းရိပ်ငြိမ်ကို တစ်နေရာ ခေါ်သွားချင်လို့ ၊ နောက် ၁နာရီလောက်ဆို နှောင်းရိပ်ငြိမ်ရဲ့ အိမ်ရှေ့ကို ရောက်မယ် "

I Got Married With A Girl!!Where stories live. Discover now