(Unicode)
မြေးသုံးယောက်၏ကျောင်းပိတ်ရက်တွင် ဦးမြင့်မိုရ်သည်
မဟာအပါအဝင်မြေးလေးယောက်အားမုန့်ဖိုးပေးကာ
oceanသို့shoppingထွက်စေ၏။
နဒီမြင့်မိုရ်သည် အင်္ဂလိပ်ကျောင်းတွင်တက်ရောက်နေသူ
ဖြစ်သော်လည်း ရောင်နီမြင့်မိုရ်နှင့်နေခြည်မြင့်မိုရ်သည်
အစိုးရကျောင်းတွင်တက်ရောက်နေသူများဖြစ်၏။
ထို့ကြောင့်စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အင်္ဂလိပ်စကား
ပြောအားသီးသန့်အချိန်ပေးသင်ရလေသည်။အိမ်တော်၏သားအကြီးဆုံး အာကာမြင့်မိုရ်နှင့်သူ၏ဇနီး
ဇင်နွယ်နီသည် ကလေးထိန်းများအဖြစ်အတူလိုက်ပါရသည်။
မဟာမြင့်မိုရ်၏အတင်းအဓမ္မခေါ်ဆောင်မှုကြောင့်
နွေနှောင်းလိပ်ပြာသည် ကားနောက်ခန်းတွင်ငြိမ်ငြိမ်သက်
သက်နှင့်ထိုင်လိုက်လာ၏။နဒီမြင့်မိုရ်သည် ရှေ့ခန်းတွင်
ထိုင်ကာကျန်ကလေး လေးယောက်သည်အနောက်ခန်းတွင်
ဖြစ်၏။''သက်တောင့်သက်သာထိုင်ပါ ခန္ဓာကိုယ်ကို
တအားကျုံ့ထားစရာမလိုပါဘူး နောက်ခန်းကနေရာ
ကျယ်ပါတယ်"ငြိမ်သက်လွန်းသည့်နွေနှောင်းလိပ်ပြာသည်
နံဘေးမှနွေးထွေးနူးညံ့သည့်အသံကြောင့် ကြည့်မိ၏။
ရောင်နီမြင့်မိုရ်သည် နွေနှောင်းအားပြုံးကာကြည့်နေ
သည်မှာ နွေဦးတွင်ပွင့်ဖူးလာသည့်ရောင်စုံပန်းလှလှလေး
သဖွယ်။ရောင်နီမြင့်မိုရ်သည် ကြည်လင်အေးချမ်းသော
မျက်နှာအားပိုင်ဆိုင်ထားလေရာ တစ်ကိုယ်လုံးအား
ခြုံငုံကြည့်လျှင်သူဌေးသားပေါက်စလေးမှန်း သိသာ၏။
သို့သော် လည်ပင်းတွင်ဆွဲထားသည့်ပရိတ်ကြိုးသည်ကား
တမူထူးခြားနေပြန်၏။နွေနှောင်းသည်စပ်စုသည်မဟုတ်သော်လည်း ကြီးကြီးမြ၏
ပြောကြားချက်ကြောင့် ရောင်နီမြင့်မိုရ်သည်လူဝင်စား
ဖြစ်ကြောင်းသိရ၏။ရောင်နီမြင့်မိုရ်အား သန္ဓေမတည်ခင်
ဇင်နွယ်နီသည်လှပသည့်အမျိုးသမီးတစ်ယောက်သည်
သူမ(ဇင်နွယ်နီ)ဗိုက်အားကိုင်ကာ လာနေချင်သည့်
အကြောင်းအိပ်မက်မက်လေသည်။ထို့ကြောင့် မိန်းကလေး
မွေးမည်ဟုထင်ထားခဲ့ကြသော်လည်း ယောက်ျားလေး
ဖြစ်သဖြင့်အံသြခဲ့ကြရလေသည်။ပြီးနောက် ရောင်နီသည်
စကားပြောတတ်စအရွယ်တွင် ကယောင်ခြောက်ခြားအိပ်မက်
များစတင်မက်လာကာ ကျန်းမာရေးပါချူခြာလာခဲ့၏။