Part (7)

8.8K 385 28
                                    

(Unicode)

''ဟိတ် တစ်ယောက်တည်းပဲလား"

ပန်းသီခြင်းအမှုမှာသာအာရုံရောက်နေသော
နွေနှောင်းသည် နောက်ကျောမှရုတ်တရက်ထွက်လာသည့်
အသံကြောင့်အထိတ်တလန့်ဖြစ်ကာ ခန္ဓာကိုယ်လေးသည်
ဆတ်ခနဲတုန်သွားလေသည်။လှည့်ကြည့်တော့
ပြုံးကြည့်နေသည့်ရောင်နီ့အား တွေ့ရလေသည်။
နွေနှောင်းသတိထားမိသလောက် အိမ်တော်၏မြေးအကြီး
ဆုံးသည်အမြဲတစေချိုသာကြည်ရွှင်စွာဖြင့်
ပြုံးနေတတ်သည်ပင်။

''အငယ်ဆုံးလေးရော မမြင်ပါလား"

''ဟုတ်"

နွေနှောင်းဘေးတွင်အိပ်ချိန်မှလွဲ၍ အချိန်ပြည့်တွေ့ရတတ်
သည့်မဟာ့အားမမြင်မိ၍နွေနှောင်းအားမေးမိတော့
'ဟုတ်'တစ်လုံးတည်းသာတုံ့ပြန်လာ၍ ရောင်နီသည်
မျက်ခုံးပင့်မိသွားရ၏။

''ထိုင်မယ်နော်"

''ဟုတ်"

နွေနှောင်းနံဘေးဝင်ထိုင်ကာ ရောင်နီသည်
စံပယ်ပန်းများအားသေချာတယုတယသီကုံးနေသည့်
လက်သေးသေးလေးအား အမှတ်မထင်ကြည့်နေမိ၏။
ထို့နောက် နွေနှောင်းမျက်နှာအားကြည့်ကာပြုံးမိပြန်သည်။
အုံထူသည့်ဆံသားများအားနှစ်ဖက်ခွဲကာ ဆံကျစ်ကျစ်ထား
ပြီး ထုံးစံအတိုင်းနှင်းဆီဖြူအားညာဘက်နားရွက်အထက်တွင်
ပန်ဆင်ထားလေသည်။

''နှင်းဆီဖြူက မင်းနဲ့လိုက်သားပဲ"

''ရှင်"

မသိနားမလည်ဟန်ဖြင့်နွေနှောင်းသည် ရောင်နီ့အား
မော့ကြည့်လာလေသည်။

''နှင်းဆီဖြူရဲ့အဓိပ္ပါယ်ကို မင်းမသိဘူးလား"

''ဟင့်အင်း"

အငြင်းစကားနှင့်အတူနွေနှောင်းသည် ခေါင်းပါ
ခါယမ်းပြလိုက်၏။

''နှင်းဆီဖြူရဲ့အဓိပ္ပါယ်က ထာဝရအချစ်၊ဖြူစင်မှု၊လျှို့ဝှက်မှုနဲ့တိတ်ဆိတ်ခြင်းကို ကိုယ်စားပြုတယ်တဲ့၊
အငယ်ဆုံးလေးက မင်းနဲ့အလိုက်ဖက်ဆုံးပန်းကို
ရွေးပေးတတ်သားပဲ"

တပြေးညီတည်းစေ့ပိတ်ထားသည့် နွေနှောင်းနှုတ်ခမ်းပါး
သည်အထက်သို့ပိပိရိရိကွေးတက်သွားလေ၏။
ထို့နောက် ရောင်နီနှင့်နွေနှောင်းအကြားမှလေထုသည်
တိတ်ဆိတ်ငြိမ်သက်သွားလျက်ရှိသည်။
ရောင်နီသည် စံအိမ်အတွင်းမှသစ်ပင်ပန်းမာန်များအား
ဟိုဟိုသည်သည်ကြည့်နေကာနွေနှောင်းသည်လည်း
ပန်းသီကုံးခြင်းအမှုအားဆက်လုပ်လျက်ရှိလေသည်။
ခဏအကြာတွင် ရောင်နီမြင့်မိုရ်သည်အဆက်အစပ်မရှိသော
စကားအားလေးလေးဖင့်ဖင့်ဆိုလာလေသည်။

Mahar's ButterflyWhere stories live. Discover now