Part (34_Final)

3.1K 87 2
                                    

(Unicode)

''မောင်ရေ''

''လာပြီ လာပြီ''

အအေးခံထားလက်စနို့ဘူးအားယူကာ မဟာမြင့်မိုရ်သည်
အိမ်အပေါ်ထပ်သို့တက်ပြေးရပြန်ပါသည်။

ယခုအချိန်တွင် မဟာနှင့်နွေနှောင်းသည်ကိုယ်ပိုင်အခန်းသို့
ပြန်ပြောင်းထားပြီးဖြစ်၏။အမြွှာလေးတွေအားသူတို့နှင့်သာ
အတူအိပ်စေသည်။အနည်းငယ်အရွယ်ရောက်မှသာ
သီးသန့်အခန်းလုပ်ပေးမည်ဖြစ်သည်။အခန်းထဲမဝင်ခင်မှာ
ပင် ကလေးနှစ်ယောက်၏ဝူးဝူးဝါးဝါးအော်သံကြောင့်
မဟာမြင့်မိုရ်သည်ကြည်နူးဖွယ်ပြုံးမိချေသည်။

သုံးပတ်အရွယ်အမြွှာလေးတွေသည် အသံလည်းအောင်လှပေ၏။

''နို့ရပါပြီဗျာ သားသားကိုမောင်တိုက်လိုက်မယ်"

အငယ်မလေးသည် မိခင်နို့စို့နေ၍ငြိမ်သက်နေ၏။
ထို့ကြောင့်မဟာသည် ကုတင်ထက်ဝူးဝူးဝါးဝါးအော်ဟစ်
ငိုယိုနေသည့်အကြီးလေးအားသေချာဂရုတစိုက်ပွေ့ပိုက်ချီကာ
အအေးခံထားသည့်နို့ရည်တိုက်ကျွေးလိုက်သည်။

ထိုအခါမှကလေးငိုသံများသည် အခန်းတွင်းမှလွင့်ပြယ်တိတ်ဆိတ်သွားလေတော့သည်။
မဟာနှင့်နွေနှောင်းသည် တစ်ယောက်နှင့်တစ်ယောက်
ကြည့်ကာသက်ပြင်းချပြီးနောက်ခပ်ဖွဖွပြုံးမိကြသည်။

မိဘဖြစ်ရသည်မှာ ထင်သလောက်၊မြင်သလောက်မလွယ်ကူလှချေ။ထင်သည်၊မြင်သည်ထက်
အဆပေါင်းများစွာခက်ခဲလွန်းလှပေသည်။

ဒေါက် ဒေါက်

တံခါးခေါက်သံနှင့်အတူပွင့်ဟသွားသည့်အခန်းတံခါးနှင့်
တိုးဝင်လာသည့်ဦးခေါင်း၊၊မျက်လုံးလေးကလယ်ကလယ်၊
စပ်ဖြီးဖြီးမျက်နှာပေးနှင့်နဒီမြင့်မိုရ်ဖြစ်လေသည်။

''ဝင်မှာဖြင့်ဝင်လေ ပြူတစ်ပြူတစ်နဲ့ဘာလုပ်နေတာလဲ"

နောက်ပါးမှနေခြည့်စကားကြားမှသာ နဒီသည်
စပ်ဖြဲဖြဲရယ်ရင်းအခန်းတွင်းဝင်လာ၏။

''ရှူး တိုးတိုး"

မှိန်းအိပ်နေပြီဖြစ်သောကလေးနှစ်ယောက်အား
မျက်စပစ်ပြလိုက်မှ နဒီနှင့်နေခြည်သည်လည်း
သတိအနေအထားဖြစ်သွား၏။

Mahar's ButterflyWhere stories live. Discover now