Part (23)

3.4K 170 21
                                    

(Unicode)

''ပေး လက်"

''ရပါတယ်ဆို ကိုယ့်ဘာသာကိုယ်ပဲ"

''ငါကိုယ်တိုင်က လုပ်ပေးချင်စိတ်ရှိတာမို့
ဘာတွေတွေးပြီးငြင်းဆန်နေရတာလဲ နှောင်း"

နွေနှောင်းသည် မဟာ့အားမခို့တရို့ကြည့်လေ၏။
မဟာသည်သူမအားအကြည့်စူးစူးတွေဖြင့်ကြည့်ကာ
နွေနှောင်းလက်ပေးလာမည့်အချိန်အား
စိတ်မရှည်တရှည်ဖြင့်စောင့်ဆိုင်းနေလေသည်။

''နှောင်း"

''အရာရာသူ့စိတ်ကြီးပဲ အင့်"

နွေနှောင်းသည် သူမလက်အားမဟာ့ထံ
ကမ်းပေးလိုက်၏။လက်သည်းအရှည်၊ခြေသည်းအရှည်
ထားရတာမကြိုက်သည့်အပြင် လက်သည်းနီ၊ခြေသည်းနီဆိုးသည်ကိုလည်းနွေနှောင်းမကြိုက်ပေ။လက်သည်း၊ခြေသည်းလေးတွေသည်
လက်ထိပ်ဖုံးခါနီးလေးတွေဖြစ်၍ နွေနှောင်းသည်
လက်သည်းညှပ်ယူကာတန်းလျားမှထွက်ပြီး ဒန်းအဖြူလေးထံသို့ထွက်လာခဲ့သည်။မဟာသည်လည်း
စံအိမ်အပေါ်ထပ်မှ​နေ၍နွေနှောင်းအားမြင်ကာ
နွေနှောင်းထံပါးသို့ရောက်လာခဲ့ခြင်းဖြစ်သည်။

မြင့်မိုရ်မိသားစုဝင်နှစ်ဦးနှင့်နွေနှောင်းသည်
Sunlight Private Universityတွင်
တက်ရောက်နေသည်မှာ အချိန်တစ်လကြာပြီဖြစ်၏။
နဒီသည်သူမအဖော်ရပြီဆိုကာ တဖွဖွပြောတတ်သလို
နွေနှောင်းသူငယ်ချင်းနှင်းအိဖြူသည်လည်း
နွေနှောင်းတို့နှင့်တက္ကသိုလ်တူ၊မေဂျာတူဖြစ်သည်။
ပြီးနောက်ယနေ့သည်ပိတ်ရက်ဖြစ်သည်။ပိတ်ရက်ဖြစ်၍
နွေနှောင်းပါးပြင်တွင်သနပ်ခါးပါးပါးလိမ်းခြယ်ထား၏။

''နာသလား"

''ဟင့်အင်း"

မဟာညှပ်ပေးထားသော နွေနှောင်းလက်သည်း
ထိပ်လေးတွေသည်တိတိရိရိ၊သပ်သပ်ရပ်ရပ်လေးတွေ
သာဖြစ်သည်။လက်သည်းခွံလေးတွေသည် ကြည်လင်တောက်ပြောင်သန့်ရှင်းလျက်ရှိ၏။

''လက်ပဲလား"

''မဟုတ်ဘူး ခြေထောက်ရော၊အဲ့ဒါက
ကိုယ့်ဘာသာကိုယ်ပဲညှပ်လိုက်တော့မယ်"

နွေနှောင်းစကားအားလက်သင့်ခံစွာပင် မဟာသည်
ဒန်းဖြူလေးထက်ထိုင်နေသောနွေနှောင်းရှေ့ ဒူးထောက်
ထိုင်ချလိုက်၏။

Mahar's ButterflyWhere stories live. Discover now