(Unicode)
''နေရထိုင်ရအဆင်ပြေရဲ့လား နွေနှောင်းလေး"
''နှောင်းအဆင်ပြေပါတယ် မေမေ"
ဒေါ်ကလျာမြင့်မိုရ်အားရိုရိုသေသေပင် နှောင်းတုံ့ပြန်လိုက်သည်။ကိုယ်ဝန်စရှိချိန်ကတည်းမှစ၍
ယခုလိုလရင့်လာသည်အထိ မြင့်မိုရ်စံအိမ်မှလူတိုင်းသည်
နွေနှောင်းအားမျက်စိအောက်မှအပျောက်မခံကြတော့ပေ။မဟာနှင့်နွေနှောင်း၏ရင်သွေးလေးသည် လူ့လောကသို့ခြေချရန်ရက်အနည်းငယ်သာလျှင်
လိုတော့လေသည်။ဆရာဝန်၏ညွှန်ကြားမှုအပြင်
မိသားစုဝင်များ၏စိုးရိမ်မှုများအောက်မှ ကင်းလွတ်ဖို့ရာ
နွေနှောင်းသည် ခွဲမွေးဖို့သာစီစဥ်ရတော့သည်။''တစ်ခုခုဆို မေမေ့ကိုပြောနော်"
''ဟုတ်ကဲ့ မေမေ"
''ကဲ ဒါဆိုမေမေအပေါ်တက်တော့မယ်၊
ခဏနေရင် နွေနှောင်းလေးလည်းအိပ်တော့လေ
သားသားကနည်းနည်းနောက်ကျမယ်ထင်တယ်"ကိုယ်ဝန်လရင့်လာသည်နှင့် မဟာနှင့်နွေနှောင်း၏
အိပ်ခန်းအားသုံးထပ်မြောက်မှပထမထပ်သို့
ခေတ္တခဏပြောင်းရွေ့ထားသည်မှာ အချိန်ကာလအားဖြင့်
နွေနှောင်းကိုယ်ဝန်သုံးလကတည်းကပင်။မဟာသည်တော့ ကျောင်းတွင်းprojectချက်များအပြင်
သူဦးစီးလုပ်ကိုင်နေသောလုပ်ငန်းများအား ရက်ပိုင်းအတွင်း
ပြီးဆုံးရန်ကြိုးစားနေရသည်။သို့မှသာ လူ့လောကအတွင်း
ရောက်ရှိလာမည့်ကလေးနှင့်ချစ်ရသူနှောင်းနား
အချိန်ပြည့်ကပ်နေလို့ရပေမည်။ထို့ကြောင့် အခုရက်ပိုင်း
အလုပ်ရှုပ်ကာအိမ်ပြန်နောက်ကျတတ်၏။နွေနှောင်းသည်လည်း ဘာသာပြန်စာအုပ်တစ်အုပ်အား
စိတ်ဝင်တစားဖတ်နေရင်းပင်မဟာ့အား စောင့်နေလိုက်သည်။
နာရီဝက်ခန့်အကြာတွင် ကားဟွန်းတီးသံကြားလိုက်ရ၍
ကြာမျက်ဝန်းတစ်စုံသည်အရောင်တလက်လက်
တောက်ပသွားလေသည်။''ပြန်လာပြီလား မောင်"
''မအိပ်သေးဘူးလား နှောင်း၊
မောင့်ကိုမစောင့်ပါနဲ့လို့မှာထားခဲ့တယ်သားနဲ့"
![](https://img.wattpad.com/cover/369576390-288-k192383.jpg)