(Unicode)
''မောင်နော် ဒီမှာလက်ကိုင်မငြိမ်တော့ဘူးလို့"
စူပုတ်ပုတ်မျက်နှာထားနှင့်နွေနှောင်းပြောမိသည့်အခါ
နောက်ပါးမှမဟာ့၏ရယ်သံဖွဖွအားကြားလိုက်ရသဖြင့်
နွေနှောင်းသည်မကျေမနပ်ဖြစ်သွားရသည်။သူများနင်းသည့်စက်ဘီးနောက် စကိတ်ဘုတ်နှင့်
ခိုတွဲစီးတိုင်းမောင်သည်ဘယ်သောအခါမှ အသာတကြည်
လိုက်စီးသည်မရှိ။ဟိုဟိုသည်သည်ယိမ်းကာ မထိတထိ
စနှောက်တတ်သည်မှာမောင့်အကျင့်သာ။''စိတ်ဆိုးမိတော့မှာနော်"
''ဆိုးလေ မောင်ပြန်ချော့မှာပေါ့"
မျက်ခုံးပင့်ကာပြုံးစစဆိုလာလေတော့ ရင်ခုန်ရသူမှာ
နွေနှောင်းလိပ်ပြာသာ။မောင်နှင့်စကားနိုင်လုပြိုင်ပါက
နွေနှောင်းသည်အမြဲတစေရှုံးနိမ့်မည်သာပင်။''မောင်က တအားပဲ"
''ဟောဗျာ မောင်ဖြင့်ဘာမှမလုပ်မိပါဘဲ"
ချစ်ဇနီးအားစနှောက်နေရသည့်အချိန်သည် မဟာ့အတွက်
ပျော်ရွှင်ဖွယ်နိဗ္ဗာန်အလား။စိတ်ကျေနပ်အောင်ချော့လိုက်၊တစ်ဖန်ပြန်စနောက်လိုက်ဖြင့်
အချိန်သည်ညနေစောင်းသွားလေပြီဖြစ်သည်။စံအိမ်အပြန်တွင် မဟာသည်နွေနှောင်းအားနောက်ခုံတွင်
တင်ကာအရှိန်နှေးနှေးဖြင့်နင်းလာခဲ့လေ၏။''မဟာ နွေနှောင်း ဒီမှာနင်တို့နာမည်နဲ့ပစ္စည်းရောက်တယ်"
ဧည့်ခန်းရှေ့မှအဖြတ် နဒီမြင့်မိုရ်၏အသံအားကြားလိုက်ရ၍
မဟာနှင့်နွေနှောင်းသည် တစ်ယောက်နှင့်တစ်ယောက်
ကြည့်ကာတွေးဆဆဖြစ်သွားရ၏။''ဘယ်ကတဲ့လဲ''
''မသိဘူးလေ နယ်ဘက်ကလို့ပြောသွားတာပဲ
လာပို့သွားတဲ့ဦးလေးကြီးက"နဒီမြင့်မိုရ်ပြောသောပါပစ္စည်းသည် မားမားခေါက်ဆွဲဂျပ်ဖာသာဖြစ်၏။မဟာသည်
ဂျပ်ဗာအားကိုင်၍လှုပ်ခါကြည့်သည့်အခါ အထဲမှ
ဟိုဘက်သည်ဘက်ရွေ့လျားသွားသည့်ပစ္စည်းတစ်ခုကို
ခံစားမိသွားသည်။''နင်တို့နှစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့လို့ပြောသွားတာပဲ"