Part (16)

3.1K 150 20
                                    

(Unicode)

crownကားဖြူလေးအတွင်းတွင် Shakira၏
'Whenever Wherever'သီချင်းသည်
မြှူးကြွစွာဖြင့်ထွက်ပေါ်လျက်ရှိ၏။မြှူးကြွသည့်သီချင်းနှင့်
ဆန့်ကျင်စွာပင် မဟာ၏မျက်နှာထားသည်မှုန်မှိုင်းလျက်
ရှိကာ နောက်ကြည့်မှန်မှတဆင့်သီချင်းတီးလုံးနှင့်အညီ
လှုပ်ရွနေသောချယ်ရီအား အကဲခတ်သည့်ဟန်မကြာခဏ
အကြည့်ပို့တတ်၏။

''နွေနှောင်းကိုရော တပါတည်းခေါ်ခဲ့တာမဟုတ်ဘူး"

ကားမောင်းသူနေရာမှ နဒီ၏အသံထွက်လာ၏။
မဟာသည် အသက်မပြည့်သေးသော်လည်း
ကားမောင်းစသင်နေပြီဖြစ်၏။သို့သော် တတ်ကျွမ်းခြင်း
မရှိသေးသည့်အပြင် တရားဝင်လည်းမရှိသေးပေ။
ပြင်ဦးလွင်မှမဟာ့အစ်မသည်ကားမောင်းတတ်သော်လည်း
မန္တလေးလမ်းများအားကျွမ်းကျင်မှုမရှိရာ နဒီမြင့်မိုရ်သည်
အဖော်အဖြစ်လိုက်ပါခဲ့၏။အလှအပနှင့်ဓာတ်တည့်မှု
မရှိသောနေခြည်မြင့်မိုရ်သည် အိမ်တော်မှာ
ကျန်ရစ်လေသည်။

''သူ့ဘာသာသူ အိမ်မှာအေးဆေးနေခဲ့ပါစေ"

''နင်ပဲသူ့ကိုဆံပင်အရှည်ထားခိုင်းပြီး ပြီးကျဆံပင်ကို
ထိန်းသိမ်းရတာနွေနှောင်းပဲ အဲဆံပင်ရှည်ကြီးလျှော်ဖို့
ဘယ်လောက်ခက်မယ်ထင်လဲ နင်ဟာလေတအားပဲ"

နဒီနှင့်မဟာပြောနေသည့်စကားဝိုင်းသည်
နွေနှောင်းအကြောင်းမှန်းလည်းသိရော ကားနောက်ခန်းမှ
ချယ်ရီသည်စိတ်ဝင်တစားနားစွင့်လာလေ၏။

''မကြိုက်ပါဘူး"

''ဘာကိုမကြိုက်တာလဲ ရှင်းအောင်ပြောလေ"

မရှင်းမလင်းပြောလာသည့်မဟာ့စကားကြောင့်
ကားနောက်ခန်းရှိ ချယ်ရီ့ဘေးမှမိန်းကလေးထံမှ
အသံထွက်လာခြင်းသာ။သူမသည် မဟာ့အစ်မတစ်ဝမ်းကွဲ
ဖြစ်ကာအမည်မှာ မေမဒီလင်းဖြစ်၏။

''နှောင်းရဲ့ဆံပင်ရှည်တွေကို တခြားတစ်ယောက်ထိတွေ့
ကိုင်တွယ်တာကိုမကြိုက်ဘူး"

စကားအဆုံး နောက်ကြည့်မှန်မှတဆင့်ချယ်ရီအား
ကြည့်တော့ချယ်ရီသည်လည်း မဟာ့အားမှန်မှတဆင့်
ကြည့်နေသည်အားတွေ့ရ၏။စူးရှသည့်မျက်ဝန်းနှစ်စုံသည်
အကြည့်ချင်းဆုံပြီးသည့်နောက် ချယ်ရီသည်မဟာ့အား
နှုတ်ခမ်းတစ်ဖက်ကွေးပြုံးပြလာ၏။ပြီးနောက်
မျက်ခုံးတစ်ဖက်တည်းပင့်ပြလာလေရာ မဟာသည်
မသိမသာအံကြိတ်မိသွား၏။မည်သည့်ရှုထောင့်ကပဲ
ကြည့်ကြည့် မမချယ်ရီသည်သူ့အားစိန်ခေါ်လိုက်သည့်
ပုံစံပင်မဟုတ်လေလား။

Mahar's ButterflyWhere stories live. Discover now