Part (13)

3.1K 152 15
                                    

(Unicode)

သီတင်းကျွတ်တွင် မဟာတို့အစိုးရကျောင်းသည်
ပိတ်ရက်ခုနစ်ရက်(တစ်ပတ်)ပိတ်ပေး၏။
ကျောင်းမပိတ်ခင်လဝက်စာမေးပွဲ အမှတ်တစ်ရာဖိုး
ဖြေကြရသည်။စာမေးပွဲဖြေပြီး နောက်တစ်နေ့မှစ၍ ကျောင်းပိတ်ရက်စတင်တော့သည်။ပိတ်ရက်ကုန်ပြီး
သည်နှင့် စာထဲမှာသာအာရုံအပြည့်စိုက်ထားရတော့မည်
ဖြစ်ရာ ပိတ်ရက်ခုနစ်ရက်တွင်မန္တလေးမြို့တွင်းနှင့်
မြို့ပြင်ရှိ အထင်ကရနေရာအစုံသို့ဦးနှောက်ဆေးသည့်
အနေဖြင့် လျှောက်သွားကြဖို့စီစဥ်ထားကြ၏။

ပထမဆုံးခရီးစဥ်မှာ ယခုတလောနာမည်ကြီးနေသည့်
ဆင်ခေါင်းတောင်သို့ဖြစ်သည်။မဟာနှင့်နှောင်းအပြင်
ရောင်နီ၊နဒီ၊နေခြည်နှင့်ဘေးခြံရှိ ရောင်နီ့သူငယ်ချင်း
ရဲရင့်နောင်လည်းအတူလိုက်ပါမည်ဖြစ်၏။
လူငယ်တွေချည်းပျော်ပါးစေရန်ရည်ရွယ်သည်ဖြစ်ရာ
လူကြီးတွေသည် ကလေးများအားလမ်းခရီးဂရုစိုက်ရန်နှင့်
လူစုမကွဲရန်မှာတမ်းခြွေကြ၏။ထို့အပြင် ရေနက်သည့်
နေရာသို့သွားမဆော့ရန်သတိပေးကြသည်။

မနက်ခြောက်နာရီထိုးသည်နှင့် မြင့်မိုရ်စံအိမ်ရှိ
ခရီးသွားAlphardကားပေါ်တွင် လူငယ်ခြောက်ယောက်
သည်နေရာယူပြီးဖြစ်၏။အိမ်မှစီစဥ်ပေးလိုက်သော
အစားအသောက်များနှင့်ဖျော်ရည်များအား ကားပေါ်တင်
ပြီးနောက်ခရီးစဥ်အား ကားစက်နှိုးပြီးစတင်လိုက်တော့၏။
အသွားတွင်ကားမောင်းမည့်သူမှာ ရဲရင့်နောင်ဖြစ်ပြီး
အပြန်တွင်ရောင်နီမြင့်မိုရ်မောင်းမည်ဖြစ်၏။
ရဲရင့်နောင်နှင့်ရောင်နီသည် ကားရှေ့ခေါင်းခန်းတွင်ဖြစ်ကာ
နေခြည်နှင့်နဒီသည်အလယ်ခန်းတန်ဖြစ်ပြီး မဟာနှင့်
နှောင်းသည်ကားနောက်ခန်းတွင်အတူတကွထိုင်ကြ၏။

မန္တလေးမြို့ပြင်သို့ရောက်သည်နှင့် လေထုသည်
မြို့တွင်းထက်သန့်ရှင်းလတ်ဆတ်ကာ ပတ်ဝန်းကျင်တခွင်
သည် စိမ်းစိုလျက်ရှိလေ၏။ရွှေသိမ်တော်ဘုရားသို့
ရောက်သည်နှင့် မဟာတို့အုပ်စုသည်ဘုရားဝင်း
အတွင်းဝင်ကာ ဦးသုံးကြိမ်ရှိခိုးပြီးနောက် မဟာနှင့်
နှောင်းသည်ပွဲပေးဖြစ်ကြ၏။စာမေးပွဲအောင်မြင်စေရန်
ရည်ရွယ်၍ဖြစ်သည်။မဟာ့အနေနှင့် ဤအရာများအား
မယုံကြည်သော်လည်း 'နတ်နှင့်နဂါးမစော်ကားကောင်းဘူး'
ဟူသည့်အဆိုကြောင့်မိခင်ဒေါ်ကလျာမြင့်မိုရ် မှာကြား
လိုက်သည့်အတိုင်း နာခံခြင်းသာဖြစ်သည်။

Mahar's ButterflyWhere stories live. Discover now