(Unicode)
နွေနှောင်းသည် လက်နှစ်ဖက်အားအချင်းချင်း
စိတ်လှုပ်ရှားစွာဆုပ်နယ်နေမိသည်။နွေနှောင်းမျက်စိရှေ့မှ
မဟာမြင့်မိုရ်သည် နားထင်အားဖိလိုက်၊
နွေနှောင်းအားတစ်ချက်ကြည့်လိုက်ဖြင့် ပြဿနာတစ်ရပ်အား
စဥ်းစားဆုံးဖြတ်ပေးနေရသည့်လူကြီးဟန်ပန်အပြည့်
ဖမ်းလျက်ရှိ၏။''မလိုက်သွားရဘူး"
အတန်ကြာကာမှ မဟာ့ထံမှထွက်လာသည့်အသံဖြစ်သည်။
တွေးထင်ထားသည့်အတိုင်းဖြစ်၍ နွေနှောင်းသည်
သက်ပြင်းမျှင်းမျှင်းချလေ၏။ခွင့်မတောင်းလျှင်စိတ်ဆိုးမည်၊ခွင့်တောင်းပါကလည်း
လိုက်လျောခြင်းပြုမည်မဟုတ်သော မဟာ့အကြောင်း
နွေနှောင်းသိပြီးသားပင်ဖြစ်သည်။''နှောင်း အမေနဲ့တွေ့ချင်တယ်"
ကြီးကြီးမြ၏တူမသည် အိမ်ထောင်ကျတော့မည်ဖြစ်၍
ဖိတ်စာအားလူကြုံဖြင့်ပါးလိုက်၏။တူမ မင်္ဂလာဆောင်
ဖြစ်ရာကြီးကြီးမြသည်ညအိပ်ခရီးသွားဖို့ရာပင်
ခွင့်တောင်းပြီးအထုတ်အပိုးပြင်ဆင်ပြီးသွားလေပြီ။
နွေနှောင်းအား ရွာလိုက်ခဲ့မလားမေးလာတော့
နွေနှောင်းခေါင်းညိတ်ခဲ့သည်။မည်သို့ပင်စွန့်ပစ်ခံလိုက်ရသည်ဆိုဆို နှောင်း အမေနဲ့
တွေ့ချင်သည်၊အမေနေကောင်းလားသိချင်သည်။''ဟိုတလောကပဲ ပုဂံရောက်ဖူးချင်တယ်ဆို
လိုက်ပို့ပေးမယ်လေ၊ ကြီးကြီးမြနဲ့မလိုက်သွားနဲ့"''နှောင်း ပုဂံမသွားချင်ဘူး၊နှောင်း အမေနဲ့ပင်
တွေ့ချင်တယ်"သည်တစ်ကြိမ်တော့ နှောင်းသည်စိတ်တင်းထား၏။
တစ်ကြိမ်တစ်ခါလေးတော့ နှောင်းသည်ခေါင်းကြောမာကာ
မဟာ့အားအတိုက်အခံလုပ်ချင်ပါသေးသည်။ကျစ်
မဟာသည် စိတ်ညစ်ညူးစွာစုတ်သပ်၏။
ရှေ့မှလူထံစူးစိုက်ကြည့်တော့ မဟာ့အားပြန်၍
ကြည့်လာသည်မှာဆုံးဖြတ်ချက်အခိုင်အမာ
ချထားသည့်အတိုင်း။''နှောင်းအမေနဲ့တွေ့တော့ရော ဘာလုပ်မှာလဲ
ဟိုကဖြင့် နှောင်းကိုသတိတရတောင်ရှိမှာမဟုတ်ဘူး"