Part (24)

3.4K 167 14
                                    

(Unicode)

''မောနင်းပါ ဖိုးဖိုးနဲ့ဖွားဖွား"

မနက်စာစားရန် ထမင်းစားခန်းအတွင်းဝင်ဝင်ချင်း
ထိပ်ဆုံးခုံတွင်ထိုင်နေသောဦးမြင့်မိုရ်နှင့်ဒေါ်တင်နွဲ့ချိုတို့
လင်မယားနှစ်ယောက်အား မဟာမြင့်မိုရ်သည်
နှုတ်ခွန်းဆက်ပြီးနောက်အာဘွားတစ်ချက်စီပေးလိုက်၏။
မိသားစုဝင်များအားလုံး ကြောင်ကြည့်နေကြပြီးနောက်
ပုံမှန်ထက်ပိုပြီးကြည်လင်နေသော မဟာ့မျက်နှာအား
ကြည့်ကာတွေးတောနေကြလေသည်။

''ပြောပါအုံး ဘယ်လိုဖြစ်လို့မြှူးတူးနေရတာလဲ"

ဒေါ်ကလျာမြင့်မိုရ်သည် သားဖြစ်သူအားအကဲခတ်၍
ခပ်စောင်းစောင်းကြည့်ကာမေးလိုက်သည်။

''မေမေ့ကို မပြောပြဘူး"

''တယ် ဒီကောင်လေးကတော့လေ"

မာန်မဲလိုက်သော်လည်း မဟာမြင့်မိုရ်သည်
အရယ်မပြတ်၊စပ်ဖြဲဖြဲမျက်နှာပေးဖြင့်သာပင်။

ခဏအကြာတွင် ထမင်းစားခန်းအတွင်းမိသားစုဝင်များ
အားလုံးစုံလင်သွားပြီဖြစ်သည်။မိသားစုဝင်များ၍
ကျွန်းသားစားပွဲသည်အတော်လေးရှည်၏။

''မနေ့က တက်တူးသွားထိုးတယ်ဆို"

ထမင်းစားနေရင်း ဦးမြင့်မိုရ်သည်မဟာနှင့်နေခြည်အား
တစ်လှည့်စီကြည့်ပြီးမေးလိုက်၏။ရောင်နီနှင့်နဒီသည်
ဘာမှမသိ၍ စူးစမ်းသည့်နှယ်တစ်ယောက်နှင့်တစ်ယောက်
မျက်ခုံးပင့်ကာအမူအရာဖြင့်မေး၏။

''ဟုတ်ကဲ့ ဖိုးဖိုး"

''တစ်ယောက်တည်းလား နှစ်ယောက်လုံးလား"

မဟာသည်မေးခွန်းအားအရင်မဖြေခင် နေခြည့်အားကြည့်၏။နေခြည်သည်လည်း မဟာ့အား
ကြည့်ပြီးနောက်ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။ပြီးနောက်

''နှစ်ယောက်လုံးပါ ဖိုးဖိုး"

မြင့်မိုရ်မိသားစုဝင်များအားလုံး မျက်ခုံးပင့်သွား၏။
မြင့်မိုရ်မိသားစုဝင်များအတွင်းတက်တူးထိုးထားသည့်
လူဟူ၍တစ်ယောက်မှမရှိခဲ့။မဟာနှင့်နေခြည်သည်
အငယ်ဆုံးနှစ်ယောက်ဖြစ်ပါလျက် ပထမဆုံးတက်တူး
ထိုးသည့်လူများဖြစ်လာကြသည်။

Mahar's ButterflyWhere stories live. Discover now