Part (17)

2.1K 109 17
                                    

(Unicode)

''မမချယ်ရီ ဘာပြောလိုက်တယ်"

မဟာ့အသံသည် လိုသည်ထက်ပို၍ကျယ်လောင်လျက်
ရှိ၏။မဟာသည်သာ ချယ်ရီ့စကားတစ်ခွန်းကြောင့်
ရှုးရှုးရှားရှားဖြစ်နေသော်လည်း ချယ်ရီသည်မည်သူ့မှ
ဂရုမစိုက်ဟန်အပြည့်။ချောလှသည့်မျက်နှာပေါ်တွင်
နှုတ်ခမ်းတစ်ဖက်တွန့်အပြုံးကိုလည်း မာန်ချီလျက်
ပင့်တင်ထားလေ၏။

''တို့ပြောလိုက်တာရှင်းရှင်းလေးကို
မင်း နားရှုပ်သွားစရာအကြောင်းမရှိဘူးထင်တယ်"

''ကျွန်တော် မယုံနိုင်ဖြစ်နေလို့၊ မမချယ်ရီက ဘယ်လိုဖြစ်ပြီး"

''တို့ပတ်ဝန်းကျင်ကလူတွေတိုင်း တို့ကbiဆိုတာ
သိထားကြပြီးသား၊biဆိုတာထက် တို့ကမိန်းကလေးတွေဘက်ပိုပြီးတော့ အလေးသာတယ်"

ချယ်ရီသည် လေသံပေါ့ပေါ့ပါးပါးနှင့်ပြောဆိုနေ၏။
သူမ၏စိတ်နေစိတ်ထားနှင့်ဖြစ်တည်မှုအမှန်ကို
ဖုံးကွယ်လိုဟန် တစ်စက်မှမရှိ။ထို့အပြင်
ထိုသို့ဖွင့်ဟပြောဆိုနေခြင်းအပေါ် နေရခက်ခြင်းနှင့်
အားငယ်သိမ်ငယ်စိတ်များစိုးစဥ်းမျှရှိပုံမရပေ။

''ပြင်ဦးလွင်ကမြေကွက်ကို လျော့စျေးနဲ့ရောင်းပေးမယ်၊
တို့ဒယ်ဒီက တို့စကားတစ်ခွန်းပဲ"

''အဲဒီအတွက် ကျွန်တော့်ဘက်ကလုပ်ပေးရမှာကဘာလဲ"

မဟာသည်လည်း ငတုံးတစ်ယောက်မဟုတ်ပေရာ
ချယ်ရီ၏စကားအသွားအလာအားနားထောင်ယုံနှင့်
မိမိဘက်မှတစ်စုံတစ်ခုအား အပေးအယူသဘောဖြင့်
ပြန်ပေးရမည်အားနားလည်လိုက်၏။

''နွေနှောင်းလိပ်ပြာနဲ့တို့ကို နီးစပ်အောင်လမ်းဖွင့်ပေး
တို့တောင်းဆိုချင်တာဒါလေးတစ်ခုပဲ"

နွေလယ်ခေါင်တွင် ခေါင်းထိပ်တည့်တည့်သို့
မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် မဟာခံစားလိုက်ရ၏။
မသိစိတ်အပြင်သိစိတ်ကပါ မမချယ်ရီသည်နွေနှောင်း
အပေါ်မရိုးသားမှန်းခံစားမိသော်လည်း အမှန်တကယ်ကြီး
ဖြစ်နေမယ်လို့တော့မထင်ထားခဲ့။

''ကျွန်တော်မလုပ်ပေးနိုင်ဘူး"

တစ်ဖက်လူသည် မိန်းမသားဖြစ်သည့်အပြင်
မမမဒီ၏သူငယ်ချင်းလည်းဖြစ်၍ ဧည့်သည်လည်းဖြစ်ရာ
မဟာသည်တစ်ချို့စကားလုံးများအား မျိုသိပ်လိုက်ရ၏။
ဘယ့်နှယ် မြင့်မိုရ်အိမ်တော်နာမည်အောက်မှာရှိတဲ့
လူကိုဒီလိုလွယ်လွယ်ရချင်လို့ဘယ်ရမလဲ။ပြီးတော့
နွေနှောင်းလိပ်ပြာကိုမှလေ။

Mahar's ButterflyWhere stories live. Discover now