Part (29)

3.7K 133 17
                                    

(Unicode)

လိုက်ကာစအားစေ့ပိတ်ထားသော်လည်း
ဖွင့်ဟထားသောပြတင်းတံခါးကြောင့် လေပြည်နုနုသည်
အခန်းတွင်းသို့ကျီစယ်သယောင်တိုးဝင်လာ၏။
လေပြည်ကြောင့် အနည်းငယ်ဟသွားသောလိုက်ကာနှစ်ခု
ကြားသို့ မှိန်ဖျော့ဖျော့နေရောင်ခြည်တိုးဝင်လာသောအခါ အခန်းတွင်းမှမင်္ဂလာကုတင်ထက်အိပ်မောကျနေသော
လူနှစ်ဦးအနက်တစ်ဦးသည် အိပ်မှုန်စုံဝါးဖြင့်
နှိုးလာလေတော့သည်။

စိတ်နှင့်ခန္ဓာအသိကပ်သွားပြီးနောက် ဘယ်ဘက်လက်မောင်းမှ ထုံကျဥ်နေသည့်ခံစားချက်အား
သတိထားမိသွားရသည်။စောင့်ငဲ့ကြည့်လိုက်သောအခါ
မိမိဘက်မျက်နှာမူကာအိပ်မောကျနေသာနှောင်း၏
မျက်နှာဖူးဖူးကလေးကဆီးကြိုလေသည်။နှောင်းသည်
မဟာ့လက်မောင်းထက်ခေါင်းတင်ကာအိပ်မောကျနေခြင်း
ဖြစ်လေသည်။နေ့တစ်နေ့၏အစတွင် ချစ်မြတ်နိုးရသူ၏
မျက်နှာကလေးအားပထမဆုံးတွေ့ရခြင်းမှာ
မဟာ့အားစိတ်ကြည်နူးပျော်ရွှင်မှုများပေးစွမ်းလေသည်။

ချစ်မြတ်နိုးရသူနှင့်အတူနှိုးထခွင့်ရသော
မနက်ခင်းသည် ဤသို့ဤနှယ်လှပလေသည်။

နှောင်းနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် မဟာသည်
ခန္ဓာကိုယ်အားစောင်းလိုက်၏။အိပ်မောကျနေသည့်
အချစ်ကလေးနှိုးသွားမည်စိုး၍ သူ့လှုပ်ရှားမှုသည်
ဖြည်းဖြည်းနှင့်တိုးဖွဖွသာလျှင်။

နှောင်း၏မျက်နှာထက်စင်းကျနေသော ဆံနွယ်ရှည်များအား
မဟာသည်အသာအယာထိန်းယူကာနားရွက်နောက်သို့
ညှပ်ထည့်လိုက်၏။ထိုအခါမှ ဝင်းမွတ်နေသော
မျက်နှာကလေးသည်အပြည့်အဝပေါ်လာတော့သည်။
ပြည့်တင်းတင်းပါးနုနုလေးအား မချင့်မရဲဖြစ်ကာ
ခပ်ဖွဖွဖိညှစ်မိလေတော့ အအိပ်ဆတ်သောနှောင်းသည်
ခန္ဓာကိုယ်လေးလှုပ်ရွလာလေသည်။သို့သော်
နှိုးထလာခြင်းတော့မရှိချေ။

မဟာသည် သဘောတကျခပ်ဖွဖွပြုံးလိုက်ပြီးနောက်
နှောင်း၏ဆံစပ်မှစ၍ နဖူးမှနှာတံတစ်လျှောက်တရှုံ့ရှုံ့
တို့ထိနမ်းရှိုက်လိုက်သည်။ထို့နောက်ဖူးပြည့်ပြည့်နှုတ်ခမ်းသား
ထက် အနမ်းပေးရန်ပြင်စဥ်နှောင်း၏ကြာမျက်ဝန်းတစ်စုံ
သည်ပွင့်လာလေတော့သည်။

Mahar's ButterflyWhere stories live. Discover now