Part (2)

5.1K 227 13
                                    

(Unicode)

''ဘာလုပ်နေတာလဲ မဟာ"

အကြည်ရောင်ဖန်သားနှင့်ပြုလုပ်ထားသော
လိပ်ပြာဆံညှပ်တစ်စုံအား တယုတယပွတ်သပ်ကြည့်နေသည့်
မဟာမြင့်မိုရ်သည် နောက်ပါးမှအသံကြောင့်
မျက်ခုံးနှစ်ဖက်သည်အလိုမကျဟန် တွန့်ချိုးသွား၏။

''တံခါးခေါက်ပြီးလို့ခွင့်ပြုချက်ရမှ အခန်းထဲဝင်ပါလို့
ဘယ်နခါပြောနေရမှာလဲ မမဘာလယ်''

''ဟာ အဲနာမည်ကြီးမခေါ်ပါနဲ့ဆို"

အသက်ခုနစ်နှစ်အရွယ် ကုတ်ဝဲဆံပင်နှင့်ကလေးမသည်
မဟာ့လက်မောင်းသေးသေးလေးအား အသာထုရင်း
မဟာ့ခုတင်ထက်လှဲအိပ်ချ၏။သူမသည် မဟာ့ဦးလေး
နှစ်ယောက်အနက် ဒုတိယဦးလေး၏တစ်ဦးတည်းသော
သမီးဖြစ်ကာ မဟာမြင့်မိုရ်၏တစ်ဝမ်းကွဲအစ်မ'နဒီမြင့်မိုရ်'
ဖြစ်သည့်အပြင် ဦးမြင့်မိုရ်၏ဒုတိယမြောက်မြေးဖြစ်သည်။

အင်္ဂလိပ်ကျောင်းတွင်တက်ရောက်နေသူဖြစ်၍ ကျောင်းမှပေးသော နဒီမြင့်မိုရ်၏အင်္ဂလိပ်နာမည်မှာ
Bella(ဘယ်လာ)ဖြစ်သည်။ထိုအမည်နာမအား
နဒီမြင့်မိုရ်သည် ဘိုဆန်သည်ဟုခံစားရ၍အိမ်မှလူများကိုပါ
ခေါ်စေသော်လည်း မောင်အငယ်ဆုံးလေးမဟာမြင့်မိုရ်သည်
'ဘယ်လာ'အစား'ဘာလယ်'ဟုနောက်ပြောင်ခေါ်တတ်၏။

''အယ် နင့်လက်ထဲကဘာလေးလဲ"

''ဒါလား"

မဟာ့လက်အတွင်းမှ လိပ်ပြာဆံညှပ်တစ်စုံသည်
နဒီ့အာရုံအားဖမ်းစားသွားကာ လိုချင်တက်မက်စေသည်။
လက်မြန်စွာပင် မဟာ့လက်တွင်းမှဆွဲယူကြည့်၏။

''ငါ့ကိုပေးလေ"

''ပေးမနေဘူး ကိုယ့်ဖာသာကိုယ်ဝယ်လေ"

''မိန်းကလေးဆံညှပ်ကြီးကို နင်ကဘာလုပ်မလို့လဲ"

''ပေးချင်တဲ့လူရှိလို့ဝယ်ထားတာပေါ့၊
မစပ်စုစမ်းနဲ့ မမနဒီရာ"

လေးနှစ်သား၏ကြီးကြီးကျယ်ကျယ်စကားကြားတော့
နဒီမြင့်မိုရ်သည် နှာခေါင်းရှုံ့မိသည်။ထို့နောက် မဟာမြင့်မိုရ်ဝယ်ထားသည့် လိပ်ပြာဆံညှပ်တစ်စုံ၏
ရည်ရွယ်သူအားခေါင်းသေးသေးလေးနှင့်ဝေ့ဝဲစဥ်းစား
ကြည့်မိသည်။တစ်ဦးတစ်ယောက်မကျန် မြင်ယောင်
ကြည့်ပြီးသည့်နောက် မနေ့ကမှစံအိမ်တန်းလျားသို့
အသစ်ရောက်လာသော 'နွေနှောင်းလိပ်ပြာ'ဆိုသည့်
ပေစုတ်စုတ်ကောင်မလေးအားပြေးမြင်၏။

Mahar's ButterflyWhere stories live. Discover now