(Unicode)
''နွေနှောင်းလိပ်ပြာ"
သူမ၏အခေါ်အောက်တွင် မျက်စိရှေ့မှညိုချောလေးသည်
သူမအားမျက်လုံးပင့်ကြည့်လာလေသည်။
ထိုအကြည့်တစ်ချက်သည် ချယ်ရီ့ရင်အားလှုပ်ခတ်
သွားစေသည်မှာငြင်းစရာအကြောင်းအရင်းမရှိ။''ဟုတ်ကဲ့ မမချယ်ရီ"
''မမကိုသတိရနေမယ် ဟုတ်"
''ရှင် ဟုတ် ဟုတ်ကဲ့ သတိရနေပါ့မယ်မမချယ်ရီ"
''ဟွန့်"
ထစ်ထစ်အအနှင့်ဆိုနေသူနှင့် အကြည့်တစ်ချက်မလွှဲသူကြား
နံဘေးနားမှာရပ်နေသူမဟာမြင့်မိုရ်သည် နှာခေါင်းတရှုံ့ရှုံ့၊
နှုတ်ခမ်းတွန့်ကွေးလျက်ရှိလေသည်။သင်္ကြန်အား မန္တလေးတွင်စိတ်ကြိုက်လည်ပတ်ပြီးနောက်
မေမဒီလင်းနှင့်ချယ်ရီသည် ပြင်ဦးလွင်သို့ပြန်ရန်
အချိန်ရောက်လာလေတော့ပြီ။မန္တလေးမှအပြန်
လက်ဆောင်အမျိုးမျိုးအား ဝယ်ပေးလိုက်သည်။
မိန်းကလေးနှစ်ယောက်အားစိတ်မချ၍ စံအိမ်မှဒရိုင်ဘာ
ကိုယ်တိုင်လိုက်ပို့ပေးမည်ဖြစ်သည်။ကျန်သည့်မြင့်မိုရ်စံအိမ်မှမိသားစုဝင်များဖြင့်
အသီးသီးနှုတ်ဆက်ကြပြီးပြီဖြစ်၍ ကားအနီးရပ်ကာ
နှုတ်ဆက်နေသူများမှာ မဟာနှင့်နွေနှောင်းနှစ်ယောက်တည်း
သာဖြစ်သည်။လိုက်ပို့ပေးမည့်ဒရိုင်ဘာသည် ကားအတွင်း
ဝင်ထိုင်နေပြီး မေမဒီလင်းသည်ကားဘော်ဒီအားမှီကာ
ချယ်ရီတို့သုံးယောက်အားကြည့်နေလေသည်။''နှောင်းလေးဖုန်းနံပါတ် မမကိုပေးမလား"
''ရှင်"
''ချစ်စရာကောင်းအောင် သိပ်လုပ်တတ်တာပဲ"
မိမိဘာသာမိမိရှင်လို့တစ်ခွန်းတည်း ထွက်လိုက်တာလည်း
ဘယ်နားကချစ်စရာကောင်းသွားသလည်းဟု
နွေနှောင်းမပြောတတ်တော့ပေ။''ပြန်ချိန်နောက်ကျနေမယ် မမချယ်ရီ''
သည်းမခံနိုင်တော့သည့် မဟာသည်
ကြားမှဝင်ဖြတ်ပြောလိုက်၏။''မန္တလေးနဲ့ပြင်ဦးလွင်က ဘယ်လောက်ဝေးလို့လဲ
မဟာမြင့်မိုရ်၊တို့မှာအချိန်တွေအများကြီး ရှိပါသေးတယ်
ဟုတ်တယ်မလား မဒီ"