Part (25)

2.3K 119 17
                                    

(Unicode)

''ဟင်းရည်ကို အစပ်လျှော့ထားလားမမဘာလယ်"

''လျှော့ထားပါတယ်ရှင် စပ်တယ်ဆိုယုံလောက်ပဲလုပ်ထားတာ''

''ပြီးတာပဲ"

''မဟာမြင့်မိုရ်နော် မပြောချင်လို့ကြည့်နေတာကို
အကောင်းထင်မနေနဲ့၊အကဲပိုတာလည်းတော်ယုံပဲပေါ့
ခုများတော့မမြင်ချင်မှအဆုံး လွန်လွန်ကျူးကျူး''

နဒီမြင့်မိုရ်သည် အစပ်လျှော့ထားသော
မာလာဟင်းရည်အိုးဆူပွက်လာစေရန် မီးခလုတ်အား
ဖွင့်လိုက်၏။ထို့နောက်မမေ့မလျော့စွာဖြင့် မဟာမြင့်မိုရ်ကို
မျက်စောင်းထိုးကာအလိုမကျစွာပွစိပွစိပြော၏။

မြင့်မိုရ်စံအိမ်မှကလေးများတွင် ရောင်နီမှလွဲ၍
ကျန်သူများသည်အိမ်၌ပင်ဟော့ပေါ့လုပ်စားကြ၏။
ကျောင်းပိတ်ရက်တွင်လုပ်စားကြသည်ဖြစ်ကာ Bakery
တွင်အလုပ်ရှုပ်နေသောရောင်နီအားအပါခေါ်သော်လည်း
မည်သို့မှခေါ်၍မရ။ထို့ကြောင့် မဟာ၊နဒီ၊နေခြည်နှင့်
နွေနှောင်းတို့လေးယောက်သာလျှင်ဖြစ်သည်။

မဟာနှင့်နွေနှောင်းအား လိုက်ဖက်လွန်းသောနတ်ဖက်သည့်
ဖူးစာဟုနဒီယုံကြည်သတ်မှတ်ထားသော်လည်း
မဟာမှနွေနှောင်းအပေါ်ပိုပိုသာသာ ကြင်နာပြသည့်အခါ
နေခြည်သည်ဘာသိဘာသာနေတတ်သော်လည်း နဒီသည်
အမြင်ကပ်၏။အကြောင်းရင်းမှာ အကြီးဖြစ်သောနဒီထက်
အငယ်ဆုံးမဟာသည်ရည်းစားအရင်ရကာ လူရှေ့မရှောင်
ခွေးစာအပြည့်ကျွေးတတ်သောကြောင့်ဖြစ်သည်။

အခုလဲကြည့်လေ...ရေခဲသေတ္တာအတွင်းမှဆလပ်ရွက်၊
ပြောင်းဖူး၊ကန်စွန်းဥနှင့်အခြားပါဝင်ပစ္စည်းများကို
ထုတ်ယူနေသောနွေနှောင်းအနီးသွားကာ အသားကင်နေသော
နေခြည်နှင့်နဒီမကြားအောင် တိုးဖွဖွစကားများပြောကာ
မဟာသည် ငုံ့နေသောနွေနှောင်းဦးခေါင်းအားအသာ
ဆွဲယူလိုက်သည်။ထို့နောက် ဆံစပ်သို့အနမ်းခြွေချလိုက်သည့်
အခါနွေနှောင်းသည်မလုံမလဲဖြင့် နေခြည်နှင့်နဒီထံသို့
ခိုးကြောင်ခိုးဝှက်ကြည့်လာ၏။ထိုလုပ်ရပ်ကလေးကိုပင်
မဟာသည်အသည်းတယားယားဖြစ်သွားကာ
မချင့်မရဲဖြစ်သွားပြီးမှစိတ်ပြန်ထိန်းကာ ခပ်ဟဟရယ်၏။

Mahar's ButterflyWhere stories live. Discover now