Part (11)

3.2K 167 25
                                    

(Unicode)

Recommend Song//
Night Changes(One Direction)

.................................

''အရမ်းမဆွဲထားနဲ့လေ မဟာ"

ယောက်ျားလေးအသံလား၊မိန်းကလေးအသံလားဟူ၍
ခွဲခြားမရနိုင်သောသြရှရှအသံလေးသည် လူကုံထံလမ်းကြားလေးတွင်ထွက်ပေါ်လာ၏။သေချာအာရုံစူးစိုက်နားထောင်ပါကထိုအသံလေးထဲတွင်
အလိုမကျမှုများကိန်းဝပ်လျက်ရှိ၏။

''ဘာလို့လဲ"

သြရှရှအသံလေးနှင့်ဆန့်ကျင်စွာ နောက်ထွက်လာသည့်
အသံသည်အမှန်ပင်သြ၏။လူပျိုဖော်ဝင်ကာစ အသံ
အနေအထားပြောင်းသွားတတ်သော ယောက်ျားလေးတို့၏
သဘာဝပင်တည်း။

''မဟာကနောက်ခုံကိုအရမ်းဆွဲထားတော့
နှောင်းကစက်ဘီးကိုရှေ့ရောက်အောင် နင်းဖို့အရမ်းခက်တယ်"

သြရှရှအသံပိုင်ရှင်လေးသည် နွေနှောင်းလိပ်ပြာဖြစ်ကာ
ခပ်သြသြအသံပိုင်ရှင်သည် မြင့်မိုရ်စံအိမ်မှအငယ်ဆုံး
သခင်ငယ်လေးမဟာမြင့်မိုရ်ဖြစ်လေ၏။
ဆယ်စုနှစ်တစ်ခုကာလကျော်ပြီးနောက် မဟာမြင့်မိုရ်သည်
တစ်ဆယ့်ငါးနှစ်ပြည့်ပြီးနွေနှောင်းလိပ်ပြာသည်
တစ်ဆယ့်ခုနစ်နှစ်ထဲရောက်နေပြီဖြစ်လေသည်။
 
လူပျိုဖော်ဝင်ပြီးဖြစ်သော မဟာမြင့်မိုရ်သည်
ငယ်စဥ်ကနှင့်ကွဲပြားစွာမေးရိုးသည် တိတိပပကားထွက်လာ
ပြီးနောက်ချောမောသည့်မျက်နှာကျသည်ထင်ပေါ်လာ၏။
ရှေ့ထိပ်မှဆံသားတွေအားအနည်းငယ်ရှည်စေကာ
ဘေးနှစ်ဖက်နှင့်အနောက်ဖက်အားအပြောင်ရှိတ်ထိုးထား
သည်မှာထင်ရှားသည့်မျက်နှာအား ပို၍ထင်ပေါ်စေသည်။
အရပ်သည် သိသိသာသာရှည်ထွက်လာကာငါးပေ
ရှစ်လက်မပင်ရှိလေ၏။အပြာရောင်စပို့ရှပ်နှင့်ဘေးအိတ်ကပ်
ပါသောအဖြူရောင်ဒူးအတိဘောင်းဘီအားဝတ်ဆင်ကာ
ပြုံးရယ်နေသည့်သူသည် လွတ်လပ်ပေါ့ပါးသော
အရွယ်ရောက်လာသည့်လူပျိုပေါက်လေးဖြစ်လေရော့သည်။

မဟာမြင့်မိုရ်နှင့်ဆန့်ကျင်စွာပင် နွေနှောင်းလိပ်ပြာသည်
သေးညှက်လာ၏။ဒွိလိင်တစ်ယောက်ဖြစ်ကာ
အရွယ်ရောက်လာသည်နှင့်'မ'ဟော်မုန်းသည် သိသိသာသာ
ကိုယ်ထင်ပြလာကာ လွန်ခဲ့သည့်နှစ်နှစ်မှစ၍ရင်သား
စထွက်လာ၏။သို့သော် မိန်းမအစစ်မဟုတ်၍ထင်၊
စနေနာမ်နှစ်ခိုင်သည် ဇီးချိုသီးလုံးလောက်သာလျှင်ရှိ၏။
ထို့အပြင် တစ်ဆယ့်ခြောက်နှစ်မှစကာဓမ္မတာပုံမှန်လာ၏။

Mahar's ButterflyWhere stories live. Discover now