Part (27)

3.8K 152 15
                                    

(Unicode)

''နောက်တစ်ခေါက်ထပ်ဆုံပြန်ပြီနော် ဘရို"

လက်နှစ်ဖက်တွင်ရှန်ပိန်နှစ်ခွက်ကိုင်ရင်း အနားရောက်လာသူအား မဟာသည်မော့ကြည့်၏။
တစ်ဖက်လူသည်မည်သူမှန်းသိသွားသည့်အခါ မျက်နှာမပျက် ကြည်လင်ရွှင်မြှူးစွာပြန်ပြုံးပြလိုက်သည်။

''အရင်တစ်ခေါက်ကလေ ကိုယ့်ဘက်ကစကားတွေက
စည်းကျော်သလိုဖြစ်သွားလို့စိတ်မကောင်းဖြစ်နေခဲ့တာ၊
အခုလိုမထင်မှတ်ဘဲပြန်တွေ့ရတော့ ကိုယ်ဖြင့်ဝမ်းသာသွားတာပဲ"

ကောင်းထက်သည် ပုံမှန်ထက်ပိုစွာနှုတ်ရွှင်ရင်းဖြင့်
မဟာ့၏အရိပ်အကဲကိုလည်း အကဲခတ်လျက်ရှိ၏။
မဟာသည် စိတ်ထဲအလိုမကျသော်လည်းမျက်နှာမှ
အပြုံးအားခွာချခြင်းမရှိ။နေခြည်သည် ဘေးမှအမျိုးသား
နှစ်ယောက်စကားဝိုင်းများစိတ်မဝင်စားသည့်နှယ်
ပါတီအတွင်းမှလူငယ်များကိုသာကြည့်နေသည်။

''ကျွန်တော်ကကိုယ့်အတွက်အကျိုးမရှိတဲ့စကားတွေကို
ဦးနှောက်ထဲထည့်မထားတတ်လို့ ဘရိုစိတ်မကောင်းဖြစ်စရာ
မလိုပါဘူး၊ဘာလို့ဆို ဘရို့ရဲ့စည်းလွတ်ဘောင်လွတ်
စကားတွေကိုကျွန်တော်မမှတ်မိတော့လို့လေ"

''ဟုတ်တာပေါ့ ဟုတ်တာပေါ့
ကိုယ့်စကားတွေကမှတ်ထားချင်စရာမှမကောင်းဘဲ"

ကောင်းထက်သည် မှန်းဆထားပြီးသောမဟာ့၏တုံ့ပြန်ချက်
ကြောင့်မျက်နှာတစ်ချက်မပျက်ပင်ထောက်ခံလိုက်သည်။

''အိုး ဘရို့ရှန်ပိန်ခွက်ကကုန်နေပြီပဲ၊
ကိုယ်နှစ်ခွက်ယူလာတာနဲ့အတော်ပဲ"

''ရတယ်ဘရို ကျွန်တော့်ဘာသာကျွန်တော်ပဲ"

''ကိုယ်တို့နှစ်ယောက်ကြားက အဖုအထစ်ပြေသွားပြီလို့
ကိုယ်ထင်နေတာ"

အလှူ့လက်ဖက်နဲ့မျက်နှာလုပ်ချင်နေသော ကောင်းထက်သည်
အနားမှာဘယ်အချိန်အထိကပ်တွယ်နေမလဲမဟာမသိ။
မဟာသိသည်မှာ ထိုလူကြောင့်စိတ်အနှောင့်အယှက်
ဖြစ်သည်ဆိုတာပင်။စစ်မှန်မှုမရှိသောအပြုံးတုအား
မမြင်ချင်တော့၍ ထိုလူကမ်းပေးလာသောရှန်ပိန်ခွက်အား
လက်ခံလိုက်ရသည်။

Mahar's ButterflyWhere stories live. Discover now