Part (22)

3.4K 171 31
                                    

(Unicode)

''နေပူထဲသွားမှာကို လက်ရှည်မဝတ်ခဲ့ဘူး"

''အရိပ်ရောက်ရင် ပြန်ချွတ်ဖြစ်မှာပဲဥစ္စာ"

မဟာသည် ပြန်ခံပြောလာသောနွေနှောင်းအားကြည့်ကာ
ပြောရခက်သွားဟန်မျက်မှောင်ကုတ်သွားပြီးနောက်
သူဝတ်ထားသောလက်ရှည်အဖြူအားချွတ်လေသည်။
ပြီးနောက် နွေနှောင်းအားကိုယ်တိုင်ကိုယ်ကျသူ့လက်ရှည်
ဝတ်ပေးလေတော့သည်။

''မဝတ်ချင်ပါဘူးဆို"

''ငါစိတ်မဆိုးချင်ဘူးနော် နှောင်း"

မိမိတွင်အထွန့်တက်ခွင့်ရှိသော်လည်း မဟာ့မျက်နှာ
တည်သွားသောအခါနွေနှောင်းကြောက်ရပါသည်။
ထို့ကြောင့် သူ့အလိုကျအင်္ကျီလက်ရှည်အားဝတ်လိုက်ရသည်။
မဟာ့အင်္ကျီလက်ရှည်သည်နွေနှောင်းနှင့်ကျ ပွယောင်းလျက်
ရှိကာအရှည်သည်တင်ပါးဖုံးလေ၏။

''ဟေ့ ဟိုနှစ်ယောက် သွားမယ်လေ"

နေခြည်နှင့်နဒီသည် clickဘီးတစ်စီးအားနှစ်ယောက်
အတူစီးကာမဟာတို့အနားရပ်လာ၏။နေခြည်သည်
မောင်းသူဖြစ်ကာနဒီသည်အနောက်မှလိုက်စီးသူဖြစ်သည်။

''ZEROကိုသွားမှာနော်"

''အေး 73လမ်းကဆိုင်မလား"

''အွန်း ဟုတ်တယ်၊ရှေ့ကသွားနှင့် ငါတို့နောက်ကလိုက်လာခဲ့မယ်"

''ဒါဆိုသွားနှင့်ပြီ"

နေခြည်နှင့်နဒီသည် ရှေ့မှအရင်ထွက်၏။
မဟာသည်လည်းဆိုင်ကယ်တွင်ချိတ်ထားသော
မိန်းကလေးဆောင်းဆိုင်ကယ်ဦးထုပ်အားအရင်ယူကာ
နွေနှောင်းခေါင်းထက်သေချာဆောင်းပေးလိုက်၏။
မေးသိုင်းကြိုးပါသေချာတပ်ပေးပြီးမှ မိမိခေါင်းထက်
လည်းဆိုင်ကယ်ဦးထုပ်ဆောင်းလိုက်၏။

မဟာနှင့်နွေနှောင်းစီးမည့်ဆိုင်ကယ်သည် ပြင်ဦးလွင်မှ
အဖိုးအဖွားဝယ်ပေးသောclickဘီးဖြစ်သည်။
ဦးမြင့်မိုရ်ဝယ်ပေးထားသည့် Yamaha R6သည်
ဂိုဒေါင်အတွင်းတွင်ထားရှိသည်။

''ရပြီ တက်တော့"

''ဟုတ် ဘေးတစောင်းပဲလိုက်တော့မယ်နော်"

''စကပ်စကို ခြေနှစ်ဖက်ကြားညှပ်ထား၊
ဆိုင်ကယ်စီးရင်လေတိုက်တော့ လွှင့်နေမှာစိုးလို့"

Mahar's ButterflyWhere stories live. Discover now