Part (8)

3.3K 174 18
                                    

(Unicode)

''နင့်မျက်လုံးလေးတွေက လှလိုက်တာနော်"

​'ဃ'အက္ခရာအား ဂရုတစိုက်စနစ်တကျဖြင့်ရေးနေသော
နွေနှောင်း၏လက်သည်တွန့်ခနဲဖြစ်သွားလေသည်။
ပြောသူထံကြည့်မိတော့ အတန်းဖော်'နှင်းအိဖြူ'သည်
နွေနှောင်းအားမှေးထောက်လျက်ပြုံးကာကြည့်နေ၏။
နှင်းအိဖြူနှင့်နွေနှောင်းသည် ခုံတစ်ခုံတည်းအတူထိုင်ရ
သောသူများဖြစ်ကြ၏။

''ဟုတ်"

ကျောင်းဖွင့်ရက်များအတွင်း နွေနှောင်းလိပ်ပြာသည်
သူမတို့နှင့်မတူဘဲစကားနည်းသူမှန်းသတိထားမိ၏။
ပြောလိုက်တိုင်းလည်း အချိန်ပြည့်'ဟုတ်'တစ်လုံးတည်းသာ
ခွန်းတုံ့ပြန်တတ်လေသည်။

ယခုအချိန်သည် break timeဖြစ်၍အခန်းတွင်းရှိ
ကလေးများအားလုံးလိုလိုသည် ကျောင်းစျေးတန်းသို့ အပြေးအလွှားသွားကာ မုန့်များဝယ်စားတတ်ကြ၏။
မဟာမြင့်မိုရ်သည် နွေနှောင်းအတွက်ကျောင်းစျေးတန်းသို့
ပဲနို့ဘူးသွားဝယ်လေရာအခန်းတွင်းမရှိပေ။

''မဟာမြင့်မိုရ်နဲ့နင်နဲ့က မောင်နှမတွေလားဟင်"

နွေနှောင်းသည် နှင်းအိဖြူအားနားမလည်နိုင်သည့်နှယ်
ကြည့်မိ၏။သူမနှင့်မဟာသည် မည်သည့်အချက်များမှာ
တူညီသည်များရှိနေလို့မောင်နှမဆိုသည့်ခေါင်းစဥ်အောက်
ဆွဲသွင်းခံလိုက်ရသလဲလေ။

''မဟုတ်ပါဘူး"

အပြောနှင့်အညီ နွေနှောင်းသည်ခေါင်းပါခါယမ်းပြလိုက်၏။
သူမသည်အသားညိုကာ မဟာမြင့်မိုရ်သည်
သည်အသားဖြူ၏။သူမသည် မြင့်မိုရ်စံအိမ်မှပေးအပ်သော
သနားကြင်နာမှုကြောင့်ခိုကပ်နေရသော အမည်မဲ့အစေခံ
တစ်ဦးဖြစ်ကာ မဟာမြင့်မိုရ်သည်မြင့်မိုရ်စံအိမ်မှ
သခင်ငယ်လေးဖြစ်လေသည်။သူမနှင့်မဟာမြင့်မိုရ်သည်
မည်သည့်ရှုထောင့်ကကြည့်ကြည့် ကွာခြားချက်တွေသည်
များပြားလွန်းလှပေသည်။

''ထင်တော့ထင်ပါတယ်လေ နင်တို့နှစ်ယောက်က
ဘယ်နေရာမှတူမှမတူဘဲဟာ"

'ဒါဖြင့်ဘာလို့လာမေးနေသလဲ'အဓိပ္ပါယ်ဆောင်သည့်
အကြည့်ဖြင့် နွေနှောင်းသည်နှင်းအိဖြူအားကြည့်မိသွား၏။

Mahar's ButterflyWhere stories live. Discover now