(Unicode)
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသည်နှင့်
မဟာနှင့်နွေနှောင်းသည် လှောင်အိမ်မှလွတ်မြောက်သွား
သောငှက်လေးများပမာလွတ်လပ်ပေါ့ပါးသွားလေ၏။ဦးမြင့်မိုရ်သည်မဟာနှင့်နှောင်းအား ဖုန်းဆိုင်သို့ခေါ်သွားကာ
စိတ်ကြိုက်ရွေးစေ၏။အကောင်းဆုံးတွေကိုသာ
နှစ်သက်သောမဟာသည် စျေးမြင့်သည့်အတန်းထဲမှ
ဖုန်းတစ်လုံးအားရွေးချယ်ကာ မည်သို့မှသွေးသားမတော်စပ်
သောနွေနှောင်းသည်တော့ အလိုက်တသိစွာဖြင့်
မော်ဒယ်နိမ့်သည့်အတန်းထဲမှတစ်လုံးအား ရွေးချယ်လိုက်သည်။သူမ မယူဝံ့သည်ကိုရိပ်မိသော မဟာသည် နွေနှောင်းယူထားသည့်မော်ဒယ်နိမ့်ဖုန်းအား
အလယ်အလတ်အတန်းထဲမှဖုန်းနှင့်ပြန်လဲလိုက်၏။
သို့မှသာ နွေနှောင်းသည်စျေးအရမ်းမများသည့်အပြင်
မော်ဒယ်လည်းမဆိုးလှ၍ မတင်မကျစိတ်ဟာ
ပျောက်ပြယ်သွားလေတော့သည်။''တစ်ချိန်လုံး youtubeချည်းပဲကြည့်နေတော့တာပဲ
ငါ့ကိုတောင်အဖက်မလုပ်တော့ဘူးနော် နှောင်းက"နံဘေးနားထိုင်ကာ အလိုမကျသည့်လေသံနှင့်အတူ
မှုန်ကုတ်ကုတ်မျက်နှာပေးနှင့်ဆိုလာသော မဟာကြောင့်
နွေနှောင်းသည် ကြည့်လက်စknitting videoအား
ပိတ်လိုက်ရ၏။''မဟာ ပျင်းနေလို့လား"
''မပျင်းဘူး မပျော်တာ"
နွေနှောင်းသည် ပြောစရာစကားများပျောက်ရှသွားရသည်။
မကြာခင်တွင် မဟာသည်တစ်ဆယ့်ခြောက်နှစ်ပြည့်
တော့မည်ဖြစ်သည်။ထို့ကြောင့် နွေနှောင်းသည်
မဟာ့အတွက် မိမိကိုယ်တိုင်တယုတယထိုးထားသော
မာဖလာအားလက်ဆောင်ပေးချင်သည်။ဤသို့ရည်ရွယ်ချက်
ဖြင့် youtubeမှ ချည်ထိုး၊ဇာထိုးလုပ်ပြထားသော
videoများအားရှာကာ လေ့လာသင်ယူနေ၍
မဟာ့အားခေတ္တခဏမေ့လျော့ထားမိခြင်းသာဖြစ်သည်။''မဟာပျော်အောင် နှောင်းဘာလုပ်ပေးရမလဲဟင်"
''တော်ပါ အခုမှ"
ထိုသို့လည်း မဟာသည်
စိတ်ဆိုးစိတ်ကောက်တတ်ပါသေး၏။''အဲလိုကြီး မနေပါနဲ့"
