(Unicode)
''ဒီစာအုပ်ကဘာလဲ နွေနှောင်း"
''အ အချစ်စာအုပ်"
''ဘာ!''
ရင်းနှီးလွန်းလှသည်ထက်ပိုသောအသံသည်
ဟိန်းကာထွက်လာလေသည်။ထိုအသံသည်
နွေနှောင်းမျက်စိရှေ့မှရောင်နီမြင့်မိုရ်ထံမှမဟုတ်။
နွေနှောင်းကျောနောက်ရှိ တစ်စုံတစ်ယောက်ထံမှ
ထွက်လာသောအသံဖြစ်နေလေသည်။သေချာပေါက် မဟာမြင့်မိုရ်ပင်ဖြစ်လေသည်။
အမှားရယ်လို့မလုပ်ထားသော်လည်း ထိတ်လန့်တုန်လှုပ်လျက်
ရှိသောနွေနှောင်းသည်နောက်ကျောဘက်သို့ လှည့်မကြည့်ရဲ။
တစ်မျိုးတမည်ထင်နေသောမဟာ၏ခပ်ချောချော
မျက်နှာသည်ခက်ထန်နေမည်ကိုတော့ နွေနှောင်းရိပ်မိပါသည်။ရောင်နီမြင့်မိုရ်သည် မြင့်မိုရ်အငယ်ဆုံးလေးနှင့်
နွေနှောင်းအားကြည့်ကာသက်ပြင်းမျှင်းမျှင်းချသည်။
သိစိတ်ရောမသိစိတ်ရောက မိမိလက်တွင်းရှိစာအုပ်သည်
နွေနှောင်းအပိုင်မဟုတ်မှန်းသိသော်လည်း အဘယ်အကြောင်း
ကြောင့်ထိုအချစ်စာအုပ်အားနွေနှောင်းကိုယ်တိုင်
လာပေးသည်အားတော့ ရောင်နီမပြောတတ်ပေ။''အဲ့စာအုပ်ပေး ကိုကိုကြီး"
မဟာသည် ရောင်နီနှင့်နွေနှောင်းတို့နှစ်ယောက်ကြား
လာရပ်ကာရောင်နီ့ထံမှစာအုပ်အားတောင်းယူ၏။
နွေနှောင်းသည် မဟာ့အားမော့မကြည့်ရဲပေ။သို့သော်
မဟာ့၏မိမိထံသို့စူးစိုက်ကြည့်လာသော မြှားသဖွယ်
အကြည့်စူးစူးအားသူမခံစားသိရှိလေသည်။ရောင်နီသည် စာအုပ်အားမဟာ့ထံပေးသင့်၊မပေးသင့်
စဥ်းစားဟန်ဖြင့်နွေနှောင်းကိုလည်းကြည့်၏။
နွေနှောင်းသည် ရောင်နီမြင့်မိုရ်အားခေါင်းခါယမ်းပြကာ
တားဆီးလေသည်။''မပေးနဲ့ ကိုကိုကြီး"
''နှောင်း ငါစိတ်မဆိုးချင်ဘူးနော်"
'ငါ'ဟူသည့်နာမ်စားသုံးလာကတည်းက
မဟာအတော်လေးစိတ်ဆိုးနေမှန်း နွေနှောင်းသိ၏။မဟာစိတ်ဆိုးစိတ်ခုမှာ နွေနှောင်းစိုးပါသည်။
တစ်ဖက်မှာလည်းသူငယ်ချင်းနှင်းအိဖြူသည်
ရည်ရွယ်သူကိုကိုကြီးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ
မသိစေရန်မှာထားလေရာနွေနှောင်းမှာ ဘေးကျပ်နံကျပ်
ဖြစ်နေလေတော့သည်။