Part (20)

3.8K 180 30
                                    

(Unicode)

''နှောင်း"

''ဟင်"

''ဒီတစ်လျှောက်လုံး ငါအထင်မှားနေခဲ့တာထင်တယ်"

''ဘာကိုလဲ"

''ငါနှောင်းကို သနားနေခဲ့တာမဟုတ်ဘူး၊
ငါ နှောင်းကို...."

နွေနှောင်းရင်သည် အရှိန်အဟုန်ပြင်းစွာဖြင့်
တဒိတ်ဒိတ်ခုန်လှုပ်လာသည်မှာ ရှေ့မှောက်မှမဟာပင်
ကြားသွားမည်အားစိုးရိမ်ရသည်။

''ငါ နှောင်းကို သနားတာထက်၊သူငယ်ချင်းဆိုတဲ့
ခေါင်းစဥ်ထက်ပိုပြီး အဲ့ထက်ပိုပြီးငါနှောင်းအပေါ်
ခံစားချက်တွေပိုနေခဲ့ပြီထင်တယ်"

''မဟာ"

နွေနှောင်းအသံသည် ခြင်အော်သံအလားမပီမသ၊
တိုးဖွဖွသာ။သည်အခြေအနေရောက်ဖို့ မြတ်စွာဘုရားထံ
နေ့စဥ်နဲ့အမျှဆုတောင်းခဲ့သော်လည်း တကယ်လက်တွေ့မှာ
အခုန်မြန်နေသောနှလုံးနှင့်လှိုက်တက်လာသော
ခံစားချက်များကြောင့် နွေနှောင်းသည်မဟာ့နာမည်မှလွဲ၍
နှုတ်ခမ်းပါးလေးထံမှမည်သည့်စကားမှထပ်မထွက်နိုင်
ဖြစ်နေရသည်။

''ဒါပေမယ့်ငါနှောင်းကို ဝန်မခံချင်သေးဘူး"

သည်တစ်ကြိမ်မှာတော့ နွေနှောင်းသည်အမှန်တကယ်ပင်
ဆွံ့အသွားရတော့သည်။မဟာဆိုသည့်နာမည်ကိုပင်
ခေါ်ရမည်အားနှုတ်နှေးသွားကာ နှုတ်ခမ်းပါးလေးသည်
အနည်းငယ်ပွင့်ဟနေလေ၏။

''အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ရဲ့
မတည်ငြိမ်သေးတဲ့ဗရမ်းဗတာခံစားချက်တွေဆိုပြီး
ငါအပြောမခံနိုင်ဘူး နှောင်း"

တစ်ယောက်တည်းပြောဆိုနေသည့်စကားဝိုင်းတွင်
နွေနှောင်းသည်နားထောင်နေသူဖြစ်ပြီး မဟာသည်
ဖွင့်ဟဝန်ခံနေသူဖြစ်၏။

''ငါအသက်ပြည့်တဲ့နေ့မှာပဲ နှောင်းကို
တရားဝင်ပိုးပန်းပါ့မယ် အဲဒီအချိန်အထိ နှောင်းကငါ့ဘေးမှာ
လိမ်လိမ်မာမာလေးနေမယ် ဟုတ်"

မဟာ့စကားများသည် နွယ်ရှင်များအလား
နွေနှောင်းအား ရုန်းမရအောင်(ငြင်းဆန်ပိုင်ခွင့်မရှိအောင်)
ချည်ပြီးတုတ်ပြီးလျက်ရှိ၏။ဆိတ်ငြိမ်လျက်သားဖြင့်
နွေနှောင်းသည် မဟာ့မျက်လုံးများအားစူးစိုက်ကြည့်ကာ
ခေါင်းညိတ်ပြလိုက်တော့ မဟာသည်စိတ်ကျေနပ်သွားဟန်
ပြုံးရယ်လာလေတော့သည်။

Mahar's ButterflyWhere stories live. Discover now