ရင်ဝှက်ရှိုက်သံ 2

324 6 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက် ဝတ္ထု )
အပိုင်း (၂ )
**************************
"အမေ "

        ဖိုးချမ်းဝမ်းသာအားရ ခေါ်လိုက်မိပြီး မည်းမည်းသဏ္ဍာန်ရှိရာ ဝရံတာဆီကိုပြေးထွက်သွားလိုက်မိတယ်။ထိုအချိန်မှာပဲ ဖိုးချမ်း၏ အင်္ကျီကုပ်ပိုးအားတစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်လေသည်။

"ကိုကိုရေ...ကိုကို...ဒီကိုလာပါအုံး ...ဒီမှာ သားလေးဘာဖြစ်နေတာလဲ မသိဘူး "

        အေမီမျိုးသည် ဖိုးချမ်းလေးအား ဖမ်းဆွဲထားလိုက်ရင်းမှ အသံကုန်ဟစ်၍ ခေါ်လိုက်လေသည်။

"ကိုကိုရေ ...ကိုကို ''

         အေမီမျိုးမှာ ဒုတိယအကြိမ်မြောက် အော်ခေါ်လိုက်ရင်းမှ ဖုန်းကိုဖွင့်ပြီးခေါ်လိုက်သည်။ဖုန်းခေါ်ပြီး သိပ်မကြာခင်အချိန်မှာပဲ ကိုထွန်းနိုင်ဦးတစ်ယောက် အနားသို့ရောက်ရှိလာခဲ့လေသည်။

'' ဘာ ...ဘာဖြစ်တာလဲ မျိုး...ဘာဖြစ်လို့လဲ "

         ကိုထွန်းနိုင်ဦးသည် ဇနီးဖြစ်သူ၏အနားကို လျှောက်သွားလိုက်ပြီး အထိတ်တလန့် မေးလိုက်လေသည်။

" ဒီ ...ဒီမှာ သားလေးဖိုးချမ်း...ဘာဖြစ်တာလဲ မသိဘူး ... ဝရံတာကို အတင်းပြေးထွက်ဖို့ လုပ်နေလို့  "

         အေမီမျိုးပြောလိုက်မှပင် ကိုထွန်းနိုင်ဦးမှာ သားဖြစ်သူကို သတိထားမိသွားလေသည်။

"သား ..သားဘာဖြစ်တာလဲ "

"မသိပါဘူး ကိုကိုရယ် ... မေးလို့လဲမရဘူး...မျိုးအိပ်ခါနီးမှာ သားလေးအခန်းကိုသွားကြည့်တာ သားလေးမရှိတာနဲ့ လိုက်ရှာရင်းဒီမှာတွေ့တာ "

" သား ..ဖိုးချမ်း ...ဘာဖြစ်တာလဲ ... အဖေ့ကိုပြောစမ်း "

" အမေ ..အမေ့ကိုတွေ့တယ် ... တံခါးနားမှာ အမေရပ်နေတာတွေ့တယ်. "

"ဘာ..ဘာကွ ...မင်းဘာတွေပြောနေတာလဲချမ်းလင်းဦး "

         ဖိုးချမ်းလေး၏အဖြေစကားကြောင့် ကိုထွန်းနိုင်ဦးစိတ်တိုသွားရပြီး သားဖြစ်သူကိုအသံမာမာနဲ့အော်လိုက်၏။

"သား ..သားတကယ်တွေ့တာအဖေ ...အမေ့ပဝါကိုလဲခြုံထားတယ် "

         ဖိုးချမ်းလေးက ကြောက်ကြောက်ရွံ့ရွံ့နှင့် ထပ်ပြီးဖြေလိုက်သောအခါ ကိုထွန်းနိုင်ဦးနှင့် အေမီမျိုးမှာထိတ်လန့်သွားကြရလေသည်။သားဖြစ်သူ၏ အဖြေစကားကြောင့် ကိုထွန်းနိုင်ဦးမှာ ပို၍စိတ်တိုသွားရပြီး ဖိုးချမ်း၏ ပခုံးနှစ်ဖက်ကိုဆွဲကိုင်လှုပ်ခါယမ်းလိုက်လေသည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now