#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၄ )
**************************
"ငြိမ်း... မင်းတကယ်ပဲ ..ကျော်မင်းဆိုတဲ့လူကြီးနဲ့လက်ထပ်မလို့လား "ညီညီက ခင်ငြိမ်းဖြူရှေ့မှပိတ်ရပ်ကာ မေးလိုက်သည်။
ခင်ငြိမ်းဖြူမှာ အဝတ်ခြင်းတောင်းကိုပိုက်လျက်မှ ညီညီ့ကိုမော့ကြည့်လိုက်မိပြီး"ဒါက ငြိမ်းရဲ့ကိစ္စပါ....ကိုညီညီနဲ့ မဆိုင်ဘူးထင်ပါတယ် "
"ဘာပြောတယ် ငြိမ်း ...မင်းဘာပြောလိုက်တယ် ...မင်းနဲ့ငါ တစ်အိမ်ထဲမှာနှစ်တွေအကြာကြီး အတူတူနေခဲ့ကြတာပါဟ ...ငါ့ကိုသူငယ်ချင်းအဖြစ်နဲ့တောင် မခင်နိုင်ဘူးလား ပြောစမ်းပါအုံး .. ကျော်မင်းဆိုတဲ့လူကြီးက မင်းထက်အသက်အများကြီး ကြီးတယ်လေကွာ...ပြီးတော့ အဲ့ဒီလူကြီးက အန်တီမျိုးကိုသိပ်ကြောက်တာ .. သူ့ကိုသာယူရင် ... မင်းတစ်သက်လုံး ဒီအိမ်ကြီးထဲမှာ မင်းအဒေါ်ရဲ့ အခိုင်းအစေပဲဖြစ်နေမှာ သိရဲ့လား "
ညီညီက ခင်ငြိင်းဖြူကို ကြည့်ပြီး မချင့်မရဲဖြင့်ပြောလိုက်သည်။
"အင်း ...အဲ့ဒါကငြိမ်းရဲ့ဘ၀ပဲလေ ....ကိုညီညီနဲ့ မဆိုင်ပါဘူး ... "
" မင်းပြောလေဆိုးလေပါလား ငြိမ်းရယ် .. အဲ့လူကြီးကို မင်းချစ်နိုင်လိုလား ပြောစမ်းပါအုံး ..သူက တစ်လောကလုံးမှာ အန်ကယ်ထွန်းနဲ့ အန်တီမျိုးကိုပဲ လူထင်နေတဲ့လူကြီး ..မင်းကို ဘယ်တုန်းကလူရာသွင်းခဲ့လို့ ချက်ချင်းကြီးလက်ထပ်ချင်တယ်ဖြစ်သွားရတာလဲ "
ညီညီက ပြောရင်းနှင့် စိတ်မရှည်နိုင်တော့ဘဲ ခင်ငြိမ်းဖြူ၏လက်တစ်ဖက်ကိုဆွဲကိုင်ပြီးမေးလိုက်သည်။
"လက်ကိုလွှတ်ပါ ကိုညီညီ ..ငြိမ်းမကြိုက်ဘူး ...စကားပြောချင်ရင် ပါးစပ်က ပြောပါ ... ပြီးတော့ တစ်ခါတည်း အပြတ်ပြောထားလိုက်မယ် .... ငြိမ်းရဲ့ကိစ္စတွေက ကိုညီညီနဲ့ ဘာမှမဆိုင်ပါဘူး .."
"ဟာကွာ ... ငြိမ်း ... မင်း ..မင်း "
" အဲ့ဒါဘာဖြစ်နေကြတာလဲ ..ဘာလဲ မင်းတို့က ..ငါ့အိမ်ထဲမှာ ရုပ်ရှင်လာရိုက်နေကြတာလား .."
ခင်ငြိမ်းဖြူနှင့်ညီညီ တွန်းလားဆွဲလားနှင့် အငြင်းအခုန်ဖြစ်နေကြစဉ်မှာ ရုတ်တရက်ဝင်ပြောလိုက်သောအသံကြောင့် ခင်ငြိမ်းဖြူနှင့်ညီညီ တို့လန့်ဖျပ်ပြီး အသံလာရာဆီသို့ မော့ကြည့်လိုက်မိကြလေသည်။ထိုအခါ အခန်းနံရံကိုမှီရပ်လျက် ခပ်တင်းတင်း မျက်နှာထားနှင့်ကြည့်နေသော ခက်ထန်ကို တွေ့လိုက်ကြရလေသည်။
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...